Thursday, 8 August 2013

LG က ဖုန်းအသစ် G2 ကို ပွဲထုတ်မိတ်ဆက်



တောင်ကိုရီးယား အခြေစိုက် Electronic ကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ကုမ္ပဏီဟာ သူတို့ရဲ့ ဖုန်းအသစ် G2 ကို စတင်မိတ်ဆက်လိုက်ပါတယ်.။ Smartphone အမျိုးအစားဖြစ်ပြီး Android 4.2.2 OS ကို အသုံးပြုထားတာတွေ့ရပါတယ်.။ Spec တွေအနေနဲ့...

Processor:    2.26GHz Qualcomm Snapdragon™ 800 featuring quad Krait CPU
Display:        5.2-inch Full HD IPS (1080 x 1920 pixels / 423 ppi)
Memory:       32GB / 16GB
RAM:           2GB LPDDR3 800MHz
Camera:       Rear 13.0MP with OIS / Front 2.1MP
Battery:         3,000mAh
OS:                Android Jelly Bean 4.2.2
Size:              138.5 x 70.9 x 8.9mm
Colors:         Black / White

Monday, 5 August 2013

Motorola က Moto X ကို ကြေညာ..

မျှော်နေတဲ့ Moto X ထွက်ပါပြီ.။ အားလုံးကို ကျေနပ်စေမယ့် ဒီဇိုင်း၊ ပုံစံ၊ ဆော့ဖ်ဝဲ၊ Feature တွေနဲ့ အတော်လေးလန်းတာတွေ့ရပါတယ်.။ ပြောထားတဲ့အတိုင်းပဲ Fully Customize ဖြစ်ပါတယ်.။ ကွဲပြားတဲ့ Carrier တွေမှာ ကွဲပြားတဲ့ ဒီဇိုင်း၊ အရောင်၊ ခလုတ်မျိုးစုံတွေ User စိတ်ကြိုက် ပြောင်းတပ်ပြီး မှာယူလို့ရအောင် လုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်.။ Spec အကျဉ်းချုပ်ကတော့ 4.2.2 Jelly Bean ပါဝင်ပြီး Motorola “X8″ Processor, 4.7 လက်မရှိ RGB AMOLED 720p Display နဲ့ 10 MP “ClearPixel” ကင်မရာပါဝင်ပါတယ်.။

Wednesday, 10 July 2013

HTC Butterfly S ကို ကြေညာ

5 လက်မအရွယ် Butterfly ရဲ့ မျိုးဆက်သစ်ဖုန်း Butterfly S ကို HTC က ကြေညာခဲ့ပါတယ်.။ Screen အရွယ်အစားဟာ Butterfly နဲ့ အတူတူ 5 လက်မဖြစ်ပြီး Super LCD3 Display ဖြစ်ပါတယ်.။ Resolution အနေနဲ့ 1920×1080 pixels ဖြစ်ပါတယ်.။ Qualcomm Snapdragon 600 quad-core 1.9 GHz Processor ပါဝင်ပြီး 2GB internal Memory နဲ့ 16GB Storage ပါဝင်ပါတယ်.။

Android စနစ်သုံး မျက်မှန် Recon Jet

Recon Jet
Recon instruments ရဲ့ Android အသုံးပြု မျက်မှန် Recon Jet ဖြစ်ပါတယ်.။ GPS, Google Maps, Navigation အစရှိတာတွေ သုံးနိုင်ပြီး iPhone သို့ Android ဖုန်းနဲ့ ချိတ်ဆက်ကာ ဖုန်းကိုင်နိုင် အင်တာနက်သုံးနိုင် Message လဲ ဖတ်နိုင်ပါတယ်.။ ဒါ့အပြင် Weather App များနဲ့ ချိတ်ဆက်ကာ မိုးလေဝသ ခန့်မှန်းမှုတွေ အချိန်နဲ့ တပြေးညီသိနိုင်သလို Health App များနဲ့လဲ ချိတ်ဆက်ပြီးတော့ ခန္ဓာကိုယ်ရဲ့ နှလုံးခုန်နှုန်း အပူချိန်၊ အစရှိတာတွေကိုလဲ ပြသပေးနိုင်ပါတယ်.။ Iron Man ရုပ်ရှင်ကားထဲက Tony Stark ရဲ့ မြင်ကွင်းလိုမျိုး ရရှိနိုင်မှာဖြစ်ပါတယ်.။

Tuesday, 9 July 2013

5 Free Apps and Games: Apple App Store (5) နှစ်ပြည့် အထိမ်းအမှတ်


Apple ဟာ Apps Store (5) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Apps 5 မျိုး နဲ့ Game 5 မျိုးကို အချိန်အတိုင်းအတာတစ်ခုအထိ Free ထားပေးထားပါတယ်.။ App Store ဟာ 2008 ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ နိုင်ငံပေါင်း 62 နိုင်ငံမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စတင်ချိန်မှာ Apps 500 သာ ရှိခဲ့ပါတယ်.။ ပထမဆုံးတစ်ပတ်အတွင်း Download ရယူမှုပေါင်း 10 သန်း ရှိခဲ့ပြီးနောက် 2008 စက်တင်ဘာလ 9 ရက်နေ့မှာ သန်း ၁၀၀ ကျော်ခဲ့ပါတယ်.။ ယခုအချိန်မှာတော့ Apps ပေါင်း 900,000 ရှိနေပြီဖြစ်ပြီး Download ရယူမှုပေါင်း အကြိမ်ရေ 50 Billion (သန်းပေါင်း 50000) ကျော်ခဲ့ပြီဖြစ်ပါတယ်.။

အောက်မှာ Download ရယူနိုင်မယ့် Apps နဲ့ Game 10 ခု Link များပေးထားပါတယ်.။ အချိန်ကန့်သတ်ထားလို့ အမြန် Download ရယူကြပါ.။

iPad အသစ် September မှာထွက်မယ်လို့ DigiTimes ဖော်ပြ


Apple ရဲ့Screen အရွယ်အစား ပိုကြီးတဲ့  iPad အသစ်ကို ဒီနှစ် စက်တင်ဘာလမှာ ကြေညာဖို့ရှိတယ် လို့ DigiTimes Website က သတင်းပေးသွားပါတယ်.။

အသစ်ပြန်လည် Design ထုတ်ထားတဲ့ iPad ဟာ သတင်းထွက်နေခဲ့တာကြာပါပြီ.။ Apple ရဲ့ ပစ္စည်းအသစ်များဟာ စက်တင်ဘာ (သို့) အောက်တိုဘာမှာ ထွက်လေ့ရှိတဲ့အတွက် iPad အသစ် ထုတ်လုပ်ချိန်ဟာလဲ အဲဒီလများမှာပဲ ဖြစ်နိုင်ပါတယ်လို့ DigiTimes က ဆိုပါတယ်.။

Friday, 5 July 2013

အလယ်အလတ်တန်းဖုန်း Sony Xperia SP

Sony Xperia SP

Sony ရဲ့ Xperia Z နဲ့ ZL ဟာ Samsung ဖုန်းတွေလောက် အောင်မြင်မှုမရခဲ့ပေမယ့် နေရာတစ်ခုတော့ ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်.။ ယခု အသစ်ထွက်ရှိထားတဲ့ Sony Xperia SP ဟာဆိုရင်လဲ Z နဲ့ ZL လောက် Specs တွေ အဆင့်မမြင့်ပေမယ့် သုံးလို့ကောင်းပြီး အောင်မြင်မှုရနိုင်တဲ့ အလယ်အလတ်တန်း ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်.။

သင့် Android ဖုန်းကို ပိုမို အသုံးဝင်စေသော Apps (10) မျိုး

Intro မဝင်တော့ပါဘူး.။ ဒီ Apps List ထဲမှာပါတဲ့ Application တွေကို သုံးခြင်းဖြင့် Android ဖုန်းဟာ ပိုပြီး အဆင်ပြေလာမှာ အမှန်ပါပဲ.။ Apps အများစုဟာ Free ဖြစ်ပါတယ်.။ စမ်းသုံးကြည့်ပါ.။ သူငယ်ချင်းများကိုလဲ မျှဝေပေးပါ.။ :)

#android #apps #androidapps


သင့်ကို စိတ်လှုပ်ရှားစေနိုင်သော Google ရဲ့ Project (10) ခု

Android Software နဲ့ Chromebook Pixlr တို့အပြင် Google လက်ရှိလုပ်ဆောင်နေတဲ့ Project များ အများကြီးရှိပါတယ်.။ အချို့ကို သင်ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်.။ အချို့ကိုတော့ သင်မသိသေးလောက်ပါဘူး.။ မသိသေးတဲ့အပြင် သိလိုက်ရရင် စိတ်လှုပ်ရှားပြီး ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်းထင်ပါလိမ့်မယ်.။ အများအားဖြင့် Google ရဲ့ idea အသစ်အဆန်းတွေကို အကောင်အထည်ဖော်နေကြဖြစ်တဲ့ လျှို့ဝှက်အဖွဲ့အစည်း Google X က ကြံစည်နေတဲ့ Project များဖြစ်ပါတယ်.။ ကျနော် ဒီပို့စ်မှာ အဲဒီလို Project မျိုး ၁၀ ခုအကြောင်း ရေးပြထားပါတယ်.။

#google #googlex

Wednesday, 3 July 2013

အိန္ဒိယလူငယ်များ တီထွင်လိုက်သည့် စမတ်ဖုန်း လက်ပတ်နာရီ

ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နည်းပညာ လုပ်ငန်းစုကြီးများက စမတ်ဖုန်း လက်ပတ်နာရီ (Smart Watch)များ တီထွင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေချိန်တွင် အိန္ဒိယမှ ဆယ်ကျော်သက် ကျောင်းသားတစ်ဦး အပါအဝင် လူငယ်တစ်စုက လက်ဦးမှု ရယူသွားပြီ ဖြစ်သည်။ Andriodlyဟု အမည်ပေးထားသည့် စမတ်ဖုန်း လက်ပတ်နာရီကို အိန္ဒိယနိုင်ငံသား လူငယ်တစ်စုက Android OSအသုံးပြုပြီး တီထွင်ခဲ့သည်။ အသက်(၁၇)နှစ်သာ ရှိသေးသည့် ကောလိပ်ကျောင်းသား ဒီဇိုင်နာ လူငယ်တစ်ဦး အပါအဝင် (၄)ဦး စုစည်းထားသည့် အဖွဲ့သည် Android OSစနစ်ကို အပြည့်အဝ ထောက်ပံ့ လည်ပတ်နိုင်သည့် အဆိုပါ နာရီအား ဖန်တီးခဲ့ခြင်း ဖြစ်သည်။

Monday, 1 July 2013

အိန္ဒိယတွင် ဒေါ်လာ (၈၄) သန်း ရင်းနှီးမြှုပ်နှံရန် Samsung ပြင်ဆင်


ကမ္ဘာ့တတိယအကြီးဆုံး Mobile ဈေးကွက်ဖြစ်လာပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ Samsung အနေနဲ့ ၄င်းတို့ရဲ့ ထုတ်ကုန်များကို တိုးမြှင့်ဖို့ ဒေါ်လာ (၈၄) သန်းအထိ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်.။
စက်တင်ဘာ ၂၀၁၁ ခုနှစ်မှာ ဒေါ်လာသန်း (၇၀) မြှုပ်နှံပြီးနောက် ဒုတိယအကြိမ်မြောက် အိန္ဒိယကို Samsung ရဲ့ အာရုံစူးစိုက်မှုဖြစ်ပြီး ယခုထုတ်လုပ်နေတဲ့ တစ်နှစ်ကို Handset အလုံးရေ ၁၂ သန်းကနေ သုံးဆအထိ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်.။

Friday, 28 June 2013

Smart Phone သုံးသူများအတွက် မရှိမဖြစ် Apps (10) မျိုး


Smart Phone များအတွက် သက်ဆိုင်ရာ ကုမ္ပဏီများက ဖန်တီးထားတဲ့ Store များမှာ Apps နဲ့ Game ပေါင်းများစွာရှိပါတယ်.။ တစ်ချို့တွေက သုံးရတာအဆင်ပြေ၊ကောင်းမွန်ပြီး အချို့ကျတော့လဲ အဆင်မပြေတာမျိုးတွေရှိပါတယ်.။ ဒီပို့စ်မှာတင်ပြထားတဲ့ Apps တွေကတော့ iPhone, Android, Blackberry နဲ့ Windows Phone ဘယ်ဖုန်းအမျိုးအစားပဲသုံးသုံး ထည့်သွင်းသင့်တဲ့ Apps များပဲဖြစ်ပါတယ်.။ တစ်ချို့ Apps တွေကတော့ iPhone နဲ့ Android အတွက်ပဲ ရရှိနိုင်ပါသေးတယ်.။ Download Link တွေလဲ ကျနော်ထည့်သွင်းပေးထားပါတယ်.။ Down ပြီးသုံးကြည့်ကြပါ.။ သူငယ်ချင်းများကိုလဲ မျှဝေကြပါခင်ဗျ.။

#twitter #facebookmessenger #instagram #digg #groupme#snapchat #evernote #dropbox #candycrashsaga #pandora 

Wednesday, 26 June 2013

Sony ရဲ့ Smartphone သစ် Xperia Z Ultra : Preview

ယနေ့ကြေညာခဲ့တဲ့ Sony Xperia Z Ultra ဟာ လက်ရှိ Smartphone လောကမှာ အကြီးဆုံး Full HD Display ပါဝင်ပြီး အပါးလွှာဆုံး HD Smartphone လဲဖြစ်ပါတယ်.။ အထူ 6.5 mm နဲ့ အလေးချိန် 212 g သာရှိပါတယ်.။ 6.4 လက်မအရွယ် Display ပါဝင်ပြီး Full HD 1080p ရုပ်ထွက်ရရှိမှာဖြစ်ပါတယ်.။ CES ပွဲမှာ Bravia TV များအတွက် မိတ်ဆက်ခဲ့တဲ့ TRILUMINOS လို့ခေါ်တဲ့ နည်းပညာ နဲ့ X-Reality လို့ခေါ်တဲ့ အရောင်၊ ကြည်လင်ပြတ်သားမှုချိန်ညှိတဲ့ နည်းပညာများကို Xperia Z Ultra မှာ ထည့်သွင်းထားပါတယ်.။ မည်သည့်ခဲတံနှင့်မဆို Display ပေါ်မှာ ရေးသားနိုင်ပြီး Stylus Pen အချို့နဲ့လဲ တွဲဖက်အသုံးပြုနိုင်ပါတယ်လို့ Sony က ကြေညာထားပါတယ်.။

Tuesday, 11 June 2013

iOS 7 တွင်ပါဝင်သော Feature များ

Apple ဟာ iOS 7 ကို ကြေညာလိုက်ပြီဖြစ်ပါတယ်.။ ဒီနှစ်နှောင်းပိုင်းမှာ Download ရယူနိုင်မှာဖြစ်ပါတယ်.။ ဒီဇိုင်းပိုင်းအရ ပိုမိုပြားသွားတယ်လို့ပြောလို့ရပါတယ်.။ အရင် icon တွေလို Glossy မဟုတ်တော့ပဲ ပိုပြီးပြားတဲ့ icon တွေ သုံးထားလို့ဖြစ်ပါတယ်.။ iOS နဲ့ တွဲလျက်ပါနေတဲ့ App တွေဖြစ်တဲ့ Mail, Calender, Phone, Messages တွေမှာ ဒီဇိုင်းပြောင်းလဲသွားတာတွေ့ရပြီး ပိုပြီး Clean ဖြစ်လာတာကိုတွေ့ရပါတယ်.။ ပါဝင်တဲ့ Feature ပိုင်းတွေကို အောက်မှာ ကျနော်တစ်ချက်ချင်း ရှင်းပြထားပါတယ်.။

Monday, 10 June 2013

Samsung ရဲ့ S4 နောက်တစ်မျိုး Galaxy S4 Zoom



Sam Mobile ရဲ့ ပြောကြားချက်အရ Galaxy S4 Zoom ဆိုတာဟာ ကျောဖက်မှာ Digital Camera တပ်ဆင်ထားတဲ့ Galaxy S4 Version တစ်မျိုးပဲလို့ ဆိုပါတယ်.။
သဘောကတော့ ကျောဖက်မှာပါဝင်တဲ့ ကင်မရာမှာ Physical Lens တွေပါဝင်ပြီးတော့ ဖုန်းကို ကင်မရာတစ်လုံးလို Zoom ဆွဲပြီး လိုသလိုရိုက်ကူးလို့ရအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်.။

Friday, 7 June 2013

ဈေးသက်သာမယ့် iPhone 5s ရဲ့ Concept ပုံများ


စက်တင်ဘာမှာထွက်မယ်လို့ ခန့်မှန်းထားကြတဲ့ iPhone အသစ်ဟာ 5S အမည်နဲ့ ထွက်မှာဖြစ်ပြီးတော့ iOS အသစ်နဲ့ ပိုမိုကောင်းမွန်တဲ့ ကင်မရာ၊ Fingerprint Security Technology အစရှိတဲ့ Feature တွေပါဝင်မယ်လို့ သိထားကြပါတယ်.။ နောက်ထပ် ခန့်မှန်းချက်တစ်ခုကတော့ ဈေးသက်သာတဲ့ Version တစ်မျိုးလဲ ထုတ်လုပ်မယ် ဆိုတာပါပဲ.။

Thursday, 6 June 2013

HTC One Mini's Photos leaked

 HTC ရဲ့ ဖုန်းအသစ် One ရဲ့ Mini Version ဓါတ်ပုံများ ပေါ်ထွက်လာပါတယ်.။ Screen Size အနည်းငယ် သေးတဲ့ 4.3 inches ဖြစ်ပြီး 720p HD Resolution နဲ့ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်.။ တရားဝင် မကြေညာသေးပေမယ့် သိပ်မကြာသောအချိန်မှာ ကြေညာလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်.။

Google Keyboard ကို ရယူအသုံးပြုနိုင်ပြီ

Android 4.0 နှင့် အထက် အသုံးပြုထားသော ဖုန်းနှင့် Tablet များအတွက် Google Keyboard ကို ရယူနိုင်ပြီဖြစ်ပါတယ်.။ Google Keyboard ဆိုတာကတော့ Nexus Device များမှာပါဝင်တဲ့ Google ရဲ့ ကိုယ်ပိုင် Keyboard App ဖြစ်ပါတယ်.။

ရေစိုခံသော Galaxy S4 Active အမှန်တကယ်ထွက်ပြီ


လွန်ခဲ့သော ရက်များဆီက ကြားနေရတဲ့ ရေစိုခံ Galaxy S4 တကယ်ထွက်ပါပြီ.။ Galaxy S4 Active လို့ အမည်ရပါတယ်.။ Hardware ပိုင်းအနေနဲ့ quad-core Snapdragon 600 1.9GHz, 2GB RAM, 1080P TFT Display, 2600mAh Battery, 16GB Storage ဖြစ်ပါတယ်.။ ကင်မရာကတော့ အနည်းငယ် နိမ့်သွားပြီး 8MP သာ ပါဝင်လာပါတယ်.။

Wednesday, 5 June 2013

Windows 8 Tablet များ၏ iPad ထက်သာလွန်သော အချက် ၈ ချက်





iPad ဟာ Tablet တွေရဲ့ ရှေ့ဆောင်လမ်းပြ ဆိုတာ မငြင်းနိုင်ပါဘူး.။ လက်ရှိမှာ အကောင်းဆုံး Tablet များလဲ ဖြစ်ပါတယ်.။ သို့သော် Microsoft ရဲ့ Windows 8 ဟာ PC ပေါ်မှာရော Tablet ပေါ်မှာပါ အသုံးပြုနိုင်အောင် Design ထုတ်ထားတဲ့အတွက်ရော၊ အချို့အချက်တွေမှာပါ iPad ထက် အသာရနေတာတွေ ရှိပါတယ်.။ အဲဒီအချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်.။

 

Friday, 31 May 2013

လှုပ်လှုပ်ရှားရှား Smart Devices သတင်းများ



ဒီအချိန်ဟာ နှစ်တစ်နှစ်ရဲ့ ဒုတိယ လေးလပတ်ထဲ ဝင်ရောက်နေပြီဖြစ်တဲ့အတွက် ဒီအချိန်မှာ နည်းပညာနယ်ပယ်ထဲက New Product တွေအကြောင်း လှုပ်လှုပ်ခတ်ခတ်ကြားနေရပါတယ်.။ အဓိကပြိုင်ဘက်များဖြစ်တဲ့ Android နဲ့ iOS, Apple နဲ့ Samsung, HTC တို့ ကြားထဲက ယှဉ်ပြိုင်မှုတွေ နဲ့ ဘယ်လို Smart Device တွေ အသစ်ပေါ်ထွက်လာဦးမလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်.။ ဒီပို့စ်မှာ ကျနော် အဲဒီသတင်းလေးတွေကို နေရာစုံက ဖတ်ရှုပြီး ပြန်လည်မျှဝေတင်ပြထားပါတယ်.။ ဖတ်ကြည့်ကြပါ.။ ပြီးရင်မိတ်ဆွေများကိုလဲ ပြန်လည်လက်တို့ မျှဝေကြပါလို့.။

Thursday, 30 May 2013

[News] Motorola ရဲ့ ခြေလှမ်းသစ် Moto X

Motorola ကို Google ကဝယ်ယူပြီးနောက် ပထမဆုံးအနေနဲ့ Official ထွက်လာတော့မယ့် ဖုန်းအသစ်ကတော့ Moto X ပဲဖြစ်ပါတယ်.။ အမည်နာမ မသေချာသေးပေမယ့် ကျနော်တို့ အရင်က ပြောနေတဲ့ Google X ဖုန်းနဲ့ အတူတူပဲလို့ ခန့်မှန်းရပါတယ်.။

Wednesday, 15 May 2013

iOS အတွက် အကောင်းဆုံး Apps (၆၆) ခုစာရင်း..


iPhone Apps များတင်ပေးဖို့ရာ Time မဂ္ဂဇင်း၊ iMore.com၊ Softfonic, Business Insider နဲ့ အခြားအခြားနာမည်ကြီး Website ပေါင်းများစွာက ထုတ်ပြန်တဲ့ အကောင်းဆုံး iOS Apps စာရင်းတွေကို ကျနော်မွှေနှောက်ရှာခဲ့ပါတယ်.။ ရရှိလာတဲ့စာရင်းတွေထဲကမှ အများသဘောတူ၊ ကျနော်လဲ သဘောကျ၊ မဂ္ဂဇင်းတွေကလဲ အကောင်းဆုံးလို့ စာရင်းသွင်းခဲ့တဲ့ Apps များပါဝင်တဲ့ List တစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်.။ စာရင်းက နည်းနည်းရှည်နေတော့ တစ်ခုချင်းစီ ရှင်းပြမနေတော့ပါဘူး.။ သက်ဆိုင်ရာ ကဏ္ဍအလိုက်ပဲ ခွဲပြီးတင်ပေးလိုက်ပါတယ်.။

Tuesday, 14 May 2013

Android ဖုန်းတိုင်းထည့်သွင်းသင့်သော Apps (13) မျိုး

Android ဖုန်းအတွက် Apps များစွာရှိပါတယ်.။ အခမဲ့ရော အခပေးပါ Google Play ကတဆင့်ရယူနိုင်သလို အပြင်က third-party store တွေကလဲ ရယူနိုင်ပါသေးတယ်.။ ယခုဖော်ပြပေးထားတဲ့ Apps တွေကတော့ Android User အများစုအသုံးပြုကြတဲ့ Apps များပဲဖြစ်ပါတယ်.။ သူ့နေရာ သူ့ကဏ္ဍအလိုက် အကောင်းဆုံး Apps များဖြစ်ကြပါတယ်.။



Thursday, 9 May 2013

Google Earth Updated!!


Google Earth Apps ရဲ့ ဗားရှင်းအသစ် 7.1.1 ကို Update လုပ်နိုင်ပြီဖြစ်ပါတယ်.။ အသိသာထင်ရှားဆုံး ပြောင်းလဲမှုကတော့ Google Maps မှာပါဝင်တဲ့ Street Views ကို Google Earth မှာပါ စတင်အသုံးပြုနိုင်တာပါပဲ.။ ဒါ့အပြင် 3D အချက်ပြစနစ်၊ ပိုမိုကောင်းမွန်တဲ့ Search စနစ် နဲ့ Google + ရဲ့ UI လိုမျိုး ဘယ်ဘက်အခြမ်းမှာ Slide လေးတစ်ခုလဲပါဝင်လာပါတယ်.။

Wednesday, 8 May 2013

Desktop PC များအတွက် Viber ဖြန့်ချီ


မြန်မာပြည်မှာ လူသုံးများတဲ့ အင်တာနက်ဖုန်းခေါ်ဆိုမှု App ဖြစ်တဲ့ Viber ကနေပြီးတော့ Desktop Apps ကို မနေ့က (May 7) ဖြန့်ချီလိုက်ပြီဖြစ်ပါတယ်.။

Monday, 6 May 2013

သင်မသိခဲ့နိုင်သော iPhone Headphone ၏ လုပ်ဆောင်ချက် (၇) မျိုး



 iPhone ရဲ့ Original Headphone မှာ ခလုတ် ၃ ခုပါဝင်ပါတယ်.။ Volume Up, Volume Down နဲ့ အလည်က ခလုတ်လေးတစ်ခု ဖြစ်ပါတယ်.။ အများစုကတော့ သီချင်းတိုးတာ ကျယ်တာ နဲ့ ဖုန်းကိုင်တာချတာလောက်ပဲ လုပ်ဖူးကြလိမ့်မယ်ထင်ပါတယ်.။ အခု တင်ပြထားတဲ့ လုပ်ဆောင်ချက်တွေကတော့ လူနည်းစုလောက်သာ အသုံးပြုဖြစ်ကြပါလိမ့်မယ်.။ သင့်မှာ iPhone တစ်လုံးရှိမယ်ဆိုရင် တစ်ချက်ချင်းစီ လိုက်လုပ်ကြည့်ကြည့်ပါ.။

Saturday, 6 April 2013

Facebook ရဲ့ Android Integration ... Facebook Home

Facebook ဟာ သူ့ရဲ့ Android App ဖြစ်တဲ့ Facebook Home ကို April 4 ရက်နေ့က ကြေညာခဲ့ပါတယ်.။

မကြာခင်ရက်ပိုင်းအတွင်းက သတင်းကျယ်ကျယ်လောင်လောင်ထွက်ခဲ့တဲ့ Facebook အထူးပြုဖုန်း HTC The First ဖုန်းမှာ Built-in အနေနဲ့ပါဝင်လာမှာဖြစ်ပြီး Smart Phone အချို့အတွက် Official Version ကိုတော့ April 12 ရက်နေ့မှာ Download ရယူနိုင်မှာဖြစ်ပါတယ်.။