Wednesday, 5 June 2013

Windows 8 Tablet များ၏ iPad ထက်သာလွန်သော အချက် ၈ ချက်





iPad ဟာ Tablet တွေရဲ့ ရှေ့ဆောင်လမ်းပြ ဆိုတာ မငြင်းနိုင်ပါဘူး.။ လက်ရှိမှာ အကောင်းဆုံး Tablet များလဲ ဖြစ်ပါတယ်.။ သို့သော် Microsoft ရဲ့ Windows 8 ဟာ PC ပေါ်မှာရော Tablet ပေါ်မှာပါ အသုံးပြုနိုင်အောင် Design ထုတ်ထားတဲ့အတွက်ရော၊ အချို့အချက်တွေမှာပါ iPad ထက် အသာရနေတာတွေ ရှိပါတယ်.။ အဲဒီအချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်.။

 




(1) App  နှစ်ခုကို တပြိုင်တည်း တို့ထိခြင်းဖြင့် တစ်ချိန်တည်းအသုံးပြုနိုင်ပါတယ်.။ Screen ကို တခြမ်းစီ အသုံးပြုနိုင်ပါတယ်.။









(2) Windows 8 Full Version အသုံးပြုထားတဲ့ Tablet မျိုးတွေ (ဥပမာ Microsoft Surface Pro) အသုံးပြုမယ်ဆိုရင် Tablet ကို PC တစ်လုံးလို သုံးနိုင်ပါတယ်.။ PC ပေါ်မှာ အသုံးပြုနိုင်တဲ့ Program တွေ install လုပ်ပြီး အသုံးပြုနိုင်တယ်လို့ ဆိုလိုတာပါ.။






(3) Home Screen ကို သင်လိုသလိုပြောင်းလဲနိုင်ပါတယ်.။ Apps တွေ ဖြုတ်တာ တပ်တာ၊ Tiles တွေကို အရွယ်အစားချိန်တာ နေရာရွှေ့တာ အစရှိသဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်.။






(4) App တွေကို ဖွင့်စရာမလိုဘဲ Home Screen မှာ ရှိတဲ့ Live Tiles ကနေပြီးတော့ Notification နဲ့ Update တွေကို မြင်ရမှာဖြစ်ပါတယ်.။








(5) SD Card Slot ပါဝင်တဲ့အတွက် Storage ကို ထပ်မံတိုးမြှင့်နိုင်ပါတယ်.။









(6) Cover အနေနဲ့သာမက Keyboard အနေနဲ့အသုံးပြုနိုင်တဲ့ Accessory ပါဝင်ပါတယ်.။










(7) USB Port ပါဝင်တဲ့အတွက် Thumb Drive တွေနဲ့ အခြား Accessory တွေ တပ်ဆင်အသုံးပြုဖို့ အဆင်ပြေပါတယ်.။









(8) Monitor တွေ Mouse နဲ့ Keyboard တွေ တပ်ဆင်ပြီး ပုံမှန် PC တစ်လုံးကဲ့သို့ အသုံးပြုနိုင်ပါတယ်.။








Windows Update ဖြစ်တဲ့ Windows Blue(8.1) မှာ Start Button ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်.။ ဒါပေမယ့် အရင်က Start နဲ့တော့ တူညီမှာမဟုတ်ဘူး လို့ဆိုပါတယ်.။ မိတ်ဆွေများရန်ဖြစ်စေဖို့ (အဲလေ) ဗဟုသုတရစေဖို့ ရှာဖွေတင်ပြလိုက်ရပါတယ်.။ :)

<AMC>
Ref: Business Insider
Also Posted in: www.facebook.com/UsefulTech and tumblr

No comments:

Post a Comment