Smart Phone ဈေးကွက်ကို အပြိုင်အဆိုင်လုနေကြတဲ့ ယနေ့ခေတ်အချိန်အခါမှာ Android ဖုန်းအသုံးပြုသူများ အနေနဲ့ iPhone သုံးသူတွေထက် အားသာနေတဲ့အချက်က Free App ပေါင်းများစွာကို အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်နေတာပဲဖြစ်ပါတယ်။ ဒီနေ့ ကျနော် ဒီပို့စ်မှာ Free ထည့်သွင်းအသုံးပြုနိုင်တဲ့ Android App (၁၃) ခုကို ဖော်ပြပေးချင်ပါတယ်။
Instagram
လူသိများတဲ့ Photo Sharing App တစ်ခုပါ။ အသုံးပြုပုံကလဲ အလွန်ရိုးရှင်းလွယ်ကူပါတယ်။ ဓါတ်ပုံတစ်ပုံရိုက်၊ Filter တစ်ခုထည့်၊ သူငယ်ချင်းတွေနဲ့ မျှဝေရုံပါ။
Instagram for Android
Kindle
Amazon ရဲ့ Digital Book Store ကို Access လုပ်နိုင်တဲ့ App ပါ။ များပြားလှတဲ့ စာအုပ်စာတမ်းပေါင်းများစွာကို Free Access ရယူနိုင်မယ့် App ဖြစ်ပါတယ်။
Kindle for Android
SMS Popup
သင့်ဆီဝင်လာတဲ့ SMS တွေကို Popup တစ်ခုတည်းနဲ့ ကြည့်နိုင်၊ ဖျက်နိုင်၊ ပြန်ပို့နိုင်တဲ့ App ပါ။ LED Lights တွေ Vibration တွေကိုလဲ လိုချင်သလို ပြုပြင်နိုင်ပါသေးတယ်။
SMS Popup
Adobe Flash Player
Flash နဲ့ ပတ်သက်သမျှ ကြည့်နိုင်မယ့် Player ဖြစ်ပါတယ်။ iPhone မှာ ဒီ Features မပါဝင်သလို Flash Movie တွေကိုလဲ Support မလုပ်ပေးပါဘူး။ ဒါဟာ Android တွေရဲ့ အားသာချက်ပါ။
Flash Player for Android
TweetDeck
နာမည်က TweetDeck ဖြစ်ပေမယ့် Twitter အပြင် Facebook နဲ့ အခြား Social Networks တွေကိုပါ တစ်ပြိုင်တည်း အသုံးပြုနိုင်တဲ့ App ဖြစ်ပါတယ်။
TweetDeck for Android
NetFlix
Movie နဲ့ TV Shows တွေ Free ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ NetFlix အကောင့်တစ်ခုတော့ လိုအပ်ပါလိမ့်မယ်။
Netflix for Android
MP 3 Ringtone Maker
သင့် Device ထဲက အသံတွေကို Ringtone လုပ်ပြီး သုံးနိုင်သလို သူ့မှာ ပါဝင်တဲ့ အသံနဲ့ သီချင်းတွေကိုလဲ သုံးနိုင်ပါသေးတယ်။ အရမ်းကောင်းတဲ့အချက်က အားလုံးကို Free ရယူနိုင်တာပါပဲ။
MP3 Ringtone Maker
Juice Defender--Battery Saver
Smart Phone တွေတိုင်းလိုလိုမှာ လိုအပ်တာက Battery ကြာကြာခံဖို့ပါပဲ။ ဒီ App ကိုသုံးပြီး သင့် Battery သက်တမ်းကို ဆွဲဆန့်နိုင်ပါတယ်။
Juice Defender
Gesture Search
ဒီ App လေးကတော့ လန်းတယ်။ သင်ရှာချင်တာတွေကို ရိုက်ပြီးရှာစရာမလိုဘဲ Screen ပေါ်မှာ ရေးပြလိုက်ရင် Search Results တွေ ပေါ်လာမယ့် App လေးပါ။
Gesture Search
Audiogalaxy Music
ကွန်ပျူတာထဲက Sound File တွေကို သင့်ဖုန်းကို Cloud ကနေတဆင့်မျှဝေနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ Internet Radio အနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။
Audiogalaxy for Android
Launcher Pro
Home Screen နဲ့ Themes တွေ စိတ်ကြိုက်ပြောင်းလဲနိုင်မယ့် Launcher App တွေထဲက တစ်ခုဖြစ်ပါတယ်။ 2D 3D သင့်စိတ်ကြိုက်ပြောင်းလဲနိုင်သလို Icon တွေ၊ Vibration တွေကိုလဲ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။
Launcher Pro
Swype
Swype ကိုသုံးပြီး သင့်ရဲ့ Typing Time ကို လျှော့ချနိုင်ပါတယ်။ သုံးရတာလဲလွယ်ပါတယ်။ ခလုတ်တွေပေါ်မှာ ပွတ်ဆွဲလိုက်ရုံနဲ့တင် စာလုံးတွေ တည်ဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။
Swype for Android
Virtual Table Tennis 3D
Table Tennis ဂိမ်းဖြစ်ပါတယ်။ 3D ရုပ်ထွက်နဲ့ ကစားရမှာဖြစ်ပြီး အခန်း 30 ပါဝင်သလို ရွေးချယ်နိုင်တဲ့ Difficulty 3 မျိုးလဲ ပါဝင်ပါတယ်။
Virtual Table Tennis 3D for Android
တစ်ချို့ App များဟာ မြန်မာနိုင်ငံနဲ့ လောလောဆယ် မကိုက်သေးပါဘူး။ သိပ်မကြာခင်တော့ ဖြစ်လာမယ်လို့ မျှော်လင့်ရတာပါပဲ။ နောက်များမှ မြန်မာပြည်နဲ့ ကိုက်ညီတဲ့ App တွေကို သီးသန့် ထုတ်နှုတ်တင်ပြပါဦးမယ်။ ဆော့လို့ ကောင်းတဲ့ Game တွေကိုလဲ သပ်သပ်စုစည်းပေးပါဦးမယ်ခင်ဗျား။ ဒီရက်ပိုင်းမအားလို့ ၃ ရက်လောက်ပို့စ်မတင်ဖြစ်တာကိုလဲ မိတ်ဆွေများကို တောင်းပန်ပါတယ်။ လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။ Like နဲ့ Share လေး မမေ့ပါနဲ့ဦးနော်။
Ref: Business Insider, Google Play
No comments:
Post a Comment