Monday, 1 July 2013

အိန္ဒိယတွင် ဒေါ်လာ (၈၄) သန်း ရင်းနှီးမြှုပ်နှံရန် Samsung ပြင်ဆင်


ကမ္ဘာ့တတိယအကြီးဆုံး Mobile ဈေးကွက်ဖြစ်လာပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ Samsung အနေနဲ့ ၄င်းတို့ရဲ့ ထုတ်ကုန်များကို တိုးမြှင့်ဖို့ ဒေါ်လာ (၈၄) သန်းအထိ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်.။
စက်တင်ဘာ ၂၀၁၁ ခုနှစ်မှာ ဒေါ်လာသန်း (၇၀) မြှုပ်နှံပြီးနောက် ဒုတိယအကြိမ်မြောက် အိန္ဒိယကို Samsung ရဲ့ အာရုံစူးစိုက်မှုဖြစ်ပြီး ယခုထုတ်လုပ်နေတဲ့ တစ်နှစ်ကို Handset အလုံးရေ ၁၂ သန်းကနေ သုံးဆအထိ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်.။

တစ်နှစ်အတွင်း Handset အလုံးရေ ၃၅ သန်းမှ သန်း ၄၀ ကြား ထုတ်လုပ်သွားဖို့ မျှော်မှန်းထားပြီး Galaxy S3 ကဲ့သို့  smartphone model ၁၂ မျိုးပါဝင်မှာဖြစ်ပါတယ်.။ ယခုလက်ရှိ ကိုရီးယားနိုင်ငံက တင်ပို့နေရမှုတွေကို လျှော့ချပြီး နိုင်ငံအတွင်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ.။
အိန္ဒိယနိုင်ငံအနေနဲ့  ၂၀၁၃ ခုနှစ် ပထမလေးလပတ်အတွင်း Smartphone တင်ပို့မှု 5.7 သန်းအထိ ရှိခဲ့ပြီး ယမန်နှစ်ကထက် 64% မြင့်တက်လာတာပဲ ဖြစ်ပါတယ်.။ Samsung အနေနဲ့ အိန္ဒိယနိုင်ငံအတွင်းမှာ ဈေးကွက်အများဆုံး ရရှိထားပြီး ဈေးကွက်ရာခိုင်နှုန်း 32.7% ရရှိထားသော်လဲ ဒေသတွင်း Handset ထုတ်လုပ်သူဖြစ်တဲ့ Micromax က 19% နဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ အတွက် ဒေသတွင်းထုတ်လုပ်သူများနဲ့ ပြိုင်ဆိုင်ရဦးမှာဖြစ်ပါတယ်.။
Ref: The Next Web

No comments:

Post a Comment