ဒီအချိန်ဟာ
နှစ်တစ်နှစ်ရဲ့ ဒုတိယ လေးလပတ်ထဲ ဝင်ရောက်နေပြီဖြစ်တဲ့အတွက် ဒီအချိန်မှာ နည်းပညာနယ်ပယ်ထဲက
New Product တွေအကြောင်း လှုပ်လှုပ်ခတ်ခတ်ကြားနေရပါတယ်.။ အဓိကပြိုင်ဘက်များဖြစ်တဲ့
Android နဲ့ iOS, Apple နဲ့ Samsung, HTC တို့ ကြားထဲက ယှဉ်ပြိုင်မှုတွေ နဲ့ ဘယ်လို
Smart Device တွေ အသစ်ပေါ်ထွက်လာဦးမလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်.။ ဒီပို့စ်မှာ
ကျနော် အဲဒီသတင်းလေးတွေကို နေရာစုံက ဖတ်ရှုပြီး ပြန်လည်မျှဝေတင်ပြထားပါတယ်.။ ဖတ်ကြည့်ကြပါ.။ ပြီးရင်မိတ်ဆွေများကိုလဲ ပြန်လည်လက်တို့
မျှဝေကြပါလို့.။
S4 Mini Concept
Samsung ရဲ့
Galaxy S4 Mini ကတော့ Officially Confirmed ဖြစ်သွားပါပြီ.။ July လအတွင်း UK မှာ စတင်ဖြန့်ချီမှာဖြစ်ပြီး
June 20 ရက်နေ့မှာကျင်းပမယ့် Samsung ရဲ့ Premiere 2013 ပွဲမှာ ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်.။
Spec အနေနဲ့ကတော့ dual-core 1.7 GHz, 4.3 inch qHD(960x540), 1.5 GB RAM, 8MP Rear
Camera နဲ့ 1.9 Front Camera ဖြစ်ပါတယ်.။ Internal Storage 8GB ပါဝင်မှာဖြစ်ပြီး
Battery ကတော့ 1900 mAh ဖြစ်ပါတယ်.။ ရေစိုခံတဲ့ Galaxy S4 Active နဲ့ Galaxy Zoom တို့ကိုလဲ
အဲဒီပွဲမှာ ပွဲထုတ်ပြသသွားမယ်လို့ ခန့်မှန်းရပါတယ်.။
HTC One Google Edition
အဲဒီမတိုင်ခင်
ကြိုတင်ရင်ခုန်ဖို့ရှိတာကတော့ လတ်တလောကာလမှာ အကောင်းဆုံး Android ဖုန်း ၂ လုံးဖြစ်တဲ့
Samsung Galaxy S4 နဲ့ HTC The One တို့ရဲ့ Google Edition ဖုန်းတွေ ထုတ်လုပ်ဖို့ရှိနေတာပါပဲ.။
Google Edition ဆိုတာကတော့ Android ဗားရှင်းဖြစ်တဲ့ Jelly Bean ရဲ့ မူလ Feature တွေပဲထည့်သွင်းထားတဲ့
ဖုန်းကိုပြောတာပါ.။ ဆိုလိုတာက Samsung နဲ့ HTC ရဲ့ အပိုထည့်သွင်းထားတဲ့ Feature တွေ
နဲ့ Modification တွေ မပါဘဲ Jelly Bean ရဲ့ Feature စစ်စစ်တွေပဲ ပါဝင်မှာပါ.။
Google Nexus လိုမျိုးပေါ့ဗျာ.။ Hardware ကတော့ မူလ S4 နဲ့ One အတိုင်းပါပဲ.။ June
26 မှာ Google Play ကနေ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ S4 အတွက် $649 နဲ့
One အတွက် $599 ကျသင့်မှာဖြစ်ပါတယ်.။
Galaxy S4 Google Edition
Galaxy Note III Concept
Samsung ရဲ့
Galaxy Note III ကတော့ iPhone နဲ့ iPad တွေ မထွက်ခင် ကြိုတင်ပြီးထွက်လာဖို့ ရှိတယ်လို့
ခန့်မှန်းထားကြပါတယ်.။ May be July or August ပါတဲ့.။ Samsung ဟာ Galaxy S Series နဲ့
Note Series ကို တစ်လှည့်စီထုတ်လေ့ရှိပါတယ်.။ သို့သော် အများအားဖြင့်တော့ လ အနည်းငယ်တော့
ခြားတတ်ပါတယ်.။ ဒီနှစ်မှာတော့ iPhone ထက် လက်ဦးမှုရယူပြီး ထုတ်မယ်လို့ ကောလဟာလထွက်နေတာပါ.။
သတင်းတွေ အရ Spec တွေကတော့ အလန်းတွေပါပဲ.။ 5.99 inch Full HD (1920 x 1080), Exynos
5410 Octa processor 2.0 quad-core A15 သို့မဟုတ် 1.7 quad-core A7, RAM 3GB, 32GB
Storage, Android 4.2.2 ပါတဲ့.။ ကင်မရာကတော့ မသိရသေးပါဘူး.။ Samsung ဟာ အရွယ်ကြီးတဲ့ဖုန်း
၂လုံးလဲ လတ်တလော ထုတ်ထားပါသေးတယ်.။ Galaxy Mega 6.3 နဲ့ Mega 5.8 ဖြစ်ပါတယ်.။ Note III ရဲ့ မော်ဒယ်နံပါတ်ကတော့ ခန့်မှန်းချက်အရ N7200 ဖြစ်ဖို့များပါတယ်.။
Comparison of Mega 6.3, 5.8, Galaxy Note II and S4
နောက်ထပ်
အတည်ပြုမရသေးတဲ့ ကောလဟာလတစ်ခုအရ HTC ကလဲ Samsung ရဲ့ Note III ကိုယှဉ်ပြိုင်ဖို့
5.9 inches ရှိတဲ့ Device တစ်ခု ထုတ်လုပ်မယ်လို့ သိရပါတယ်.။ ယာယီအားဖြင့် HTC T6 လို့
အမည်ပေးထားတဲ့ ဒီ Device မှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ Android OS Version အသစ်ဖြစ်တဲ့
Key Lime Pie ပါဝင်လာမယ် ဆိုတဲ့သတင်းပါပဲ.။ လောလောဆယ်အထိတော့ Leaked Image တွေထွက်လာတာမတွေ့ရသေးပါဘူး.။
Spec တွေကတော့ 2.3 GHz quad-core snap dragon,
RAM 2GB, Ultrapixel Camera Rear, Front Camera 2.1MP, 16GB Storage, 3300
mAh Battery ဖြစ်ပါတယ်.။
Moto X Concept
Moto X သတင်းကိုတော့
ကျနော်ရေးပြီးပါပြီ.။ မဖတ်ရသေးသူများအတွက် ပြန်ပြောရရင် Motorola ရဲ့ Google ထိန်းချုပ်မှုအောက်မှာ
ပထမဆုံးထုတ်လုပ်ဖို့ ဖုန်းဖြစ်ပါတယ်.။ နာမည်က Moto X လို့ခန့်မှန်းရပါတယ်.။ Snap
Dragon Processor နဲ့ Super AMOLED Display ပါဝင်မယ်လို့သိရပြီး ဒီနှစ် အောက်တိုဘာလောက်မှာ
ဖြန့်ချီမယ်လို့ သိရပါတယ်.။ ဘာပဲဖြစ်ဖြစ် Google က ဦးစီးထုတ်လုပ်မယ့် Brand ဖြစ်တဲ့အတွက်
သူ့ဖုန်းကို သူဘယ်လိုလက်နက်တွေတပ်ဆင်ပေးလာမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ.။
iPhone Cheap Version Concept
Smart
Phone တွေအကြောင်းပြောရင် Apple ကို ချန်ထားခဲ့လို့မရပါဘူး.။ (တော်ကြာ ကျနော့်ကို
Apple Fan တွေ စိတ်ဆိုးကြဦးမယ်) Apple ရဲ့ iPhone နဲ့ iPad ကတော့ တကယ်ကို ကောလာဟာလ
ထုတ်လုပ်ရာ စက်ရုံကြီးတွေပါပဲ.။ အခုလဲ သတင်းပေါင်းစုံကြားနေရပါတယ်.။ 128 GB iPhone
ထွက်မယ်၊ iPad Mini 2 နဲ့ iPad 5 အကြောင်း၊ iOS ပြောင်းမယ့်အကြောင်း၊ Screen Size ကို
ပိုချဲ့မယ့်အကြောင်း၊ ဘာညာသရကာ နေကြာကွာစိ အစုံပါပဲ.။ ကြားရသမျှထဲက အခြေအမြစ်ရှိတာတွေ
ဖြစ်နိုင်ချေရှိတာတွေကို ကောက်နှုတ်တင်ပြရရင်တော့ ဖုန်းအသစ်ရဲ့ အမည်ဟာ iPhone 6 မဟုတ်ဘဲ
5S သာဖြစ်နိုင်ပါတယ်.။ S ဆိုတဲ့အတိုင်း ဒီဇိုင်းပိုင်း
ထူးထူးခြားခြားပြောင်းလဲတာ မရှိနိုင်ဘဲ Spec ကိုသာ ပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်.။
(ဒီနေရာမှာ လူသိနည်းတဲ့ အကြောင်းအရာတစ်ခုကို ပြောပြရရင် S ဆိုတာ Second Edition မဟုတ်ပါဘူး၊
Speed ဖြစ်ပါတယ်၊ 3GS မှာ စတင်အသုံးပြုခဲ့ပြီး 4S အပါအဝင် မော်ဒယ် ၂ ခုရှိသွားပါပြီ)
နောက်တစ်ချက်အနေနဲ့ အနောက်ဖက်ကာဗာကို Plastic နဲ့ ပြုလုပ်ထားတဲ့ ဈေးအနည်းငယ်ပေါတဲ့
iPhone Version ထွက်နိုင်ပါတယ်.။ နောက်ထပ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ကင်မရာ၊ ပိုကောင်းမွန်တဲ့
Resolution ပိုင်းတွေ ပါဝင်လာနိုင်ပါတယ်.။ လက်ရှိ iPhone 5 ရဲ့ Resolution ဟာ 640
x 1136 ရှိပြီး 326 ppi သာရှိပါတယ်.။ ပြိုင်ဖက် Samsung နဲ့ HTC ကိုအသာရဖို့အတွက်
Apple အနေနဲ့ 400 ppi ကျော်တဲ့ Resolution တစ်ခုလိုအပ်တာအမှန်ပါပဲ.။ နောက်တစ်ခု အနေနဲ့
iOS 7 ကို Upgrade လုပ်နိုင်ဖွယ်ရှိပါတယ်.။ UI နဲ့ Animation တွေ icon တွေပြောင်းလဲသွားဖို့ရှိပြီး
Notification လို Feature တွေ ပြောင်းလဲနိုင်ဖွယ်ရှိပါတယ်.။ Apple ဟာ သတင်းပေါက်ကြားမှု
ထိန်းချုပ်ရာမှာ တကယ်တော်တဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် အသေးစိတ်တော့ မသိရသေးပါဘူး.။ ဒါပေမယ့်
သေချာပြောနိုင်တာကတော့ Apple ဟာ သူ့ဈေးကွက်ဝေစုတွေ ပြန်ရဖို့ ပြိုင်ဖက်တွေကို ယှဉ်ပြိုင်ဖို့
အသေအချာ ပြင်ဆင်လာမှာတော့ အမှန်ပါပဲ.။
iOS 7 Concept
နည်းပညာကုမ္ပဏီကြီးတွေကတော့
အချင်းချင်း အားရပါးရ အသည်းအသန် ပြိုင်ဆိုင်နေကြတာပါပဲ.။ သူတို့ ပြိုင်လေ နည်းပညာတွေ
တိုးတက်မှုနှုန်းမြန်ဆန်လေ ဆိုတာကတော့ ဟုတ်ပါတယ်.။ ဒါပေမယ့် လိုက်လို့မမှီတာလဲ အမှန်ပါပဲ.။
ဘာပဲဖြစ်ဖြစ် လတ်တလော လှုတ်ခတ်နေတဲ့ နည်းပညာနယ်ပယ်က Smart Devices တွေရဲ့ သတင်းတွေကတော့
ဒါအကုန်ပါပဲ.။ Blackberry နဲ့ Nokia သတင်းတွေကတော့ သိပ်စိတ်ဝင်စားမယ် မထင်လို့ မပြောတော့ဘူးနော်.။ အားလုံးပဲ မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ.။
<AMC>
Source:
iMore, Android Authority, Android Forums, XDA, Android Central, Mobile Nations,
PhoneArena, The Next Web, Tech Crunch, Business Insider and so on…….
Also posted
in: www.facebook.com/UsefulTech
No comments:
Post a Comment