Saturday, 6 April 2013

Facebook ရဲ့ Android Integration ... Facebook Home

Facebook ဟာ သူ့ရဲ့ Android App ဖြစ်တဲ့ Facebook Home ကို April 4 ရက်နေ့က ကြေညာခဲ့ပါတယ်.။

မကြာခင်ရက်ပိုင်းအတွင်းက သတင်းကျယ်ကျယ်လောင်လောင်ထွက်ခဲ့တဲ့ Facebook အထူးပြုဖုန်း HTC The First ဖုန်းမှာ Built-in အနေနဲ့ပါဝင်လာမှာဖြစ်ပြီး Smart Phone အချို့အတွက် Official Version ကိုတော့ April 12 ရက်နေ့မှာ Download ရယူနိုင်မှာဖြစ်ပါတယ်.။ရရှိနိုင်မယ့် Smart Phone အမျိုးအစားများကတော့ HTC Brand ထဲကဆိုရင် The First, One, One X, One X+, Samsung ထဲက Galaxy S4, S3 နဲ့ Note II တို့ ဖြစ်ပါတယ်.။ အခြား အမျိုးအစားဖုန်းတွေအတွက်တော့ သေချာမသိရသေးပါဘူး.။ သိသိချင်း Update လုပ်ပေးပါ့မယ်.။

Facebook Home မှာ Main Screen ဟာ Cover Feed လို့ခေါ်ပါတယ်.။ Friends တွေရဲ့ News Feed နဲ့ Photo တွေ တက်နေပါလိမ့်မယ်.။ Screen ကို Unlock လုပ်စရာမလိုဘဲ Like နိုင် Comment ပေးနိုင် Notification တွေကြည့်နိုင်ပါတယ်.။ နောက်ပြီး Pop Up နဲ့ Chat နိုင်တဲ့ Chat Head Feature နဲ့ App Launcher လဲ ပါဝင်ဦးမှာပါ.။ (ပုံတွေကို Album မှာ သပ်သပ်တင်ပေးမယ်နော်)

Facebook ဟာ ကိုယ်ပိုင်ဖုန်းထွက်မယ်လို့ သတင်းထွက်နေခဲ့တာ အတော်ကြာခဲ့ပါပြီ.။ အခုတော့ ကိုယ်ပိုင် ဖုန်းတစ်လုံး တည်ဆောက်စရာမလိုဘဲ ဖုန်းအတွက် App တစ်ခုထုတ်ပြီး Mobile လောကကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်.။ တစ်ခုတော့ ပြောစရာရှိပါတယ်.။ Facebook Home မှာ Ad လို့ခေါ်တဲ့ ကြော်ငြာတွေတော့ ပါလာမှာဖြစ်တဲ့အတွက် စိတ်တော့အနည်းငယ် ရှုပ်ရပါလိမ့်မယ်.။

<AMC>
Ref: www.facebook.com/UsefulTech

No comments:

Post a Comment