ယနေ့ကြေညာခဲ့တဲ့ Sony Xperia Z Ultra ဟာ လက်ရှိ Smartphone လောကမှာ အကြီးဆုံး Full HD Display ပါဝင်ပြီး အပါးလွှာဆုံး HD Smartphone လဲဖြစ်ပါတယ်.။ အထူ 6.5 mm နဲ့ အလေးချိန် 212 g သာရှိပါတယ်.။ 6.4 လက်မအရွယ် Display ပါဝင်ပြီး Full HD 1080p ရုပ်ထွက်ရရှိမှာဖြစ်ပါတယ်.။ CES ပွဲမှာ Bravia TV များအတွက် မိတ်ဆက်ခဲ့တဲ့ TRILUMINOS လို့ခေါ်တဲ့ နည်းပညာ နဲ့ X-Reality လို့ခေါ်တဲ့ အရောင်၊ ကြည်လင်ပြတ်သားမှုချိန်ညှိတဲ့ နည်းပညာများကို Xperia Z Ultra မှာ ထည့်သွင်းထားပါတယ်.။ မည်သည့်ခဲတံနှင့်မဆို Display ပေါ်မှာ ရေးသားနိုင်ပြီး Stylus Pen အချို့နဲ့လဲ တွဲဖက်အသုံးပြုနိုင်ပါတယ်လို့ Sony က ကြေညာထားပါတယ်.။
2.2 GHz quad-core Qualcomm Snapdragon 800 processor အသုံးပြုထားပြီး Primary Camera 8 megapixel ထည့်သွင်းထားပါတယ်.။ Exmor RS for Mobile လို့ခေါ်တဲ့ Sensor အသုံးပြုထားတဲ့အတွက် HDR Video နဲ့ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါတယ်.။ အရှေ့ဖက်မှာတော့ 2 megapixel ကင်မရာပါဝင်ပြီး Superior Auto Mode ပါဝင်တဲ့အတွက် HDR ရိုက်ကူးနိုင်ပြီး Noise Reduction စနစ်လဲပါဝင်ပါတယ်.။ အလင်းရောင် နည်းတဲ့ နေရာတွေမှာ ကောင်းမွန်စွာရိုက်ကူးနိုင်ပါတယ်.။
Xpreia Z Ultra ဟာ Xperia Z လိုပဲ ရေစိုခံစမတ်ဖုန်းဖြစ်ပါတယ်.။ Galaxy S4 Active ကဲ့သို့ IP58 Water and Dust Proof ဖြစ်ပြီး ခံနိုင်စွမ်းကိုအတိအကျ မသိရသေးပေမယ့် Xperia Z ရဲ့ ရေအောက် တစ်မီတာအနက်မှာ မိနစ် ၃၀ ကြာထားနိုင်စွမ်းထက်တော့ မနိမ့်မှာသေချာပါတယ်.။
Battery အနေနဲ့ 3000mAh ပါဝင်ပြီး၊ Full HD Display ကို ကောင်းကောင်းအသုံးပြုနိုင်ပါတယ်.။ Internal Storage အနေနဲ့ 16 GB ပါဝင်မှာဖြစ်ပြီး Micro SD 64 GB အထိ ထပ်မံထည့်သွင်းနိုင်မှာဖြစ်ပါတယ်.။ Sony ဟာ အသံပိုင်းဆိုင်ရာကိုလဲ ပြန်လည်အာရုံစိုက်ထားပြီး ClearAudio+ နဲ့ Xloud Mode တွေပါဝင်တဲ့အတွက် ဖုန်းပြောရာမှာရော သီချင်းနားထောင်ရာမှာပါ HD အသံထွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်.။
Xperia Z Ultra မှာ Sony ရဲ့ ကိုယ်ပိုင် Feature ဖြစ်တဲ့ STAMINA Mode ပါဝင်မှာဖြစ်ပါတယ်.။ STAMINA Mode ဟာ Screen Lock လုပ်ထားတဲ့အချိန်များမှာ မလိုအပ်တဲ့ Functions တွေကိုပိတ်ထားပေးခြင်းဖြင့်
Battery ရဲ့ Standby Time ကို မူလထက် လေးဆနီးပါး ပိုမိုကြာရှည်ခံစေတဲ့ Mode ဖြစ်ပါတယ်.။ 4G LTE Network ကို အထောက်အပံ့ပေးမှာဖြစ်ပြီး WALKMAN App, Movies App နဲ့ Album App အသစ်များလဲ ပါဝင်ပါတယ်.။ စက်တင်ဘာ (သို့) အောက်တိုဘာလလောက်မှာ ဈေးကွက်အတွင်းရရှိနိုင်မှာဖြစ်ပြီး အဖြူ၊ အနက်နဲ့ ခရမ်းရောင် စတဲ့ အရောင်သုံးမျိုး ရရှိမှာဖြစ်ပါတယ်.။
<AMC>
www.facebook.com/hardwarezone.com.mm
No comments:
Post a Comment