Thursday, 6 June 2013

ရေစိုခံသော Galaxy S4 Active အမှန်တကယ်ထွက်ပြီ


လွန်ခဲ့သော ရက်များဆီက ကြားနေရတဲ့ ရေစိုခံ Galaxy S4 တကယ်ထွက်ပါပြီ.။ Galaxy S4 Active လို့ အမည်ရပါတယ်.။ Hardware ပိုင်းအနေနဲ့ quad-core Snapdragon 600 1.9GHz, 2GB RAM, 1080P TFT Display, 2600mAh Battery, 16GB Storage ဖြစ်ပါတယ်.။ ကင်မရာကတော့ အနည်းငယ် နိမ့်သွားပြီး 8MP သာ ပါဝင်လာပါတယ်.။



ဒီဇိုင်းပိုင်းမှာ အဓိကပြောင်းလဲတာကတော့ ရေစိုဒဏ်နဲ့ ဖုန်ဝင်တဲ့ ဒဏ်ကို ခံနိုင်အောင် ဖုန်းကို အသေအချာ Sealed လုပ်ထားတာပါပဲ.။ ဝင်စရာအပေါက်မရှိအောင် လုပ်ထားပြီး မူလ S4 မှာပါဝင်တဲ့ Capacitive Key များကိုလဲ Physical ခလုတ် ၃ ခုနဲ့ ပြန်လည်တပ်ဆင်ထားတာတွေ့ရပါတယ်.။

Software အနေနဲ့ကတော့ Android 4.2.2 JB ပါဝင်ပါတယ်.။ watchON, TV Remote Control နဲ့ SHealth အစရှိတာတွေလဲ ပါဝင်ပြီး Feature ပိုင်းမှာ မူလ S4 နဲ့ ကွာဟမှုမရှိပါဘူး.။ ကင်မရာမှာ Drama Mode နဲ့ Sound on shot Mode တွေ ပါဝင်ပြီးတော့ အသစ်အနေနဲ့ ရေအောက်မှာ ဓါတ်ပုံရိုက်ဖို့အတွက် Aqua Mode ပါဝင်လာတာကို တွေ့ရပါတယ်.။

June 20 မှာ ကျင်းပမယ့် Premiere 2013 မှာ S4 Mini နဲ့ Zoom တို့နဲ့ အတူ ပွဲထုတ် ပြသသွားမှာဖြစ်ပြီး ဒီနှစ်အတွင်းမှာပဲ U.S နဲ့ ဆွီဒင်နိုင်ငံတို့မှာ စတင်ဖြန့်ချီသွားမယ်လို့ သိရပါတယ်.။

<AMC>
Source: Android Central
www.facebook.com/UsefulTech


No comments:

Post a Comment