About



မင်္ဂလာပါခင်ဗျာ.။

မြန်မာမိုဘိုင်းလ် (Myanmar Mobility) မှကြိုဆိုပါတယ်.။ ဒီနေရာမှာ မိတ်ဆွေတို့ရဲ့ မိုဘိုင်းလ်ဖုန်း  များအတွက် အသုံးပြုနည်းများ (Tutorials)၊ ပြဿနာဖြေရှင်းနည်းများ (FAQ)၊ သိသင့်သိထိုက်သည်များနဲ့ ကိုယ်တိုင်ပြုပြင်ဖန်တီးမှုများ (Tips and Tricks) အစရှိတဲ့ဆောင်းပါးများကို တင်ပြရေးသားသွားမှာဖြစ်ပါတယ်.။ ဒါ့အပြင် ဖုန်းများအတွင်းထည့်သွင်းအသုံးပြုနိုင်မယ့် Software များ Download ပြုလုပ်ရန်လဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်.။

အထူးသတိပေးလိုတာကတော့ မြန်မာမိုဘိုင်းလ် (Myanmar Mobility) တွင် ဆောင်းပါးရေးသားသူများသည် အခကြေးငွေတစ်စုံတစ်ရာရလိုမှုအတွက် ရေးသားခြင်းမဟုတ်ဘဲ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအတွက် တစ်ထောင့်တစ်နေရာမှ အကူအညီအလို့ငှာ ရေးသားခြင်းသာဖြစ်ပါတယ်.။ ရေးသားသူများဟာ Professional များမဟုတ်ကြဘဲ ဝါသနာရှင်လူငယ်လေးများသာဖြစ်ပါတယ်.။ ဒါကြောင့် မိမိရဲ့မိုဘိုင်းလ်ဖုန်းနဲ့
ပတ်သက်သောကိစ္စအဝဝသည် ကာယကံရှင်နှင့်သာ သက်ဆိုင်ပါတယ်.။ မြန်မာမိုဘိုင်းလ် (Myanmar Mobility) မှ လုံးဝ တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ကြောင်း သိစေချင်ပါတယ်ခင်ဗျား.။

ကျနော်တို့ရဲ့ Blog ကို ဝင်ရောက်ဖတ်ရှုပါ၊ လေ့လာပါ၊ ဝေဖန်အကြံပြုပေးကြပါ၊ မိတ်ဆွေသူငယ်ချင်းများကို လက်တို့မျှဝေပေးကြပါ၊ ကျနော်တို့မသိနားမလည်မှုများကိုလဲ သိနားလည်သူများမှ ပြန်လည်သင်ကြားပြသပေးကြပါလို့ တောင်းပန်ရင်း.. မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်.။