မင်္ဂလာပါ.။
ကျနော်တို့ မတွေ့တာလဲကြာပြီ.။ :) အချိန်အတော်ကြာပျက်ကွက်နေရာကနေ ပရိသတ်ရှေ့မှောက်ကို
www.myanmarmobility.com အဖြစ်နဲ့ ပြန်ရောက်လာပါပြီ.။
ယခင်က ပျက်ကွက်နေခဲ့တာတွေကို အစားပြန်ပေးတဲ့အနေနဲ့ စက်ရုပ် နှင့် ကျနော့်ဖေးဘရိတ်များ
ကို ရေးပါမယ်.။ Android OS ပေါ်မှာ ကျနော်သုံးတဲ့ Apps လေးတွေပါ.။ ကဲ .. စလိုက်ရအောင်..
>> Go
Launcher EX
ပထမဆုံးအနေနဲ့
ဖုန်းရဲ့ အလှအပပိုင်းကစပါမယ်.။ Android မှာ ဖုန်းကို အလှဆင်နိုင်မယ့် Launcher လို့ခေါ်တဲ့
Apps တွေ အများကြီးရှိပါတယ်.။ AWD, MX Home, Atom, Go, Nova, အိုး.. ပြောပြရင် တော်တော်များမှာပါ.။
ဒီထဲမှာ ကျနော်သဘောအကျဆုံးက Go Launcher EX ပါ.။ ဘာလို့လဲဆိုတော့ Develop အဖြစ်ဆုံး၊
Theme အစုံဆုံး ဖြစ်လို့ပါပဲ.။
>> 1Mobile
Market
လိုချင်တာတွေ
ဒေါင်းလုတ်ဒ်ရယူဖို့ကိုတော့ 1 Mobile Market ကိုသုံးပါတယ်.။ Free ရတဲ့ Apps တော်တော်များများရှိနေပြီး
ဒေါင်းရတာလဲ လွယ်ကူပါတယ်.။
>> exDialer
Phone နဲ့
Contact အစားထိုး App ကိုတော့ exDialer ကိုသုံးပါတယ်.။ သူ့ရဲ့ ဒီဇိုင်းဟာ ရိုးရှင်းလွယ်ကူပြီး
အရမ်းလဲ မနှေးကွေးပဲသုံးနိုင်လို့ပါ.။ Ice Cream Sandwich စတိုင်လ် ဖုန်းခေါ်တာနဲ့ မတ်ဆေ့ခ်ျပို့တာတွေ
ထည့်သွင်းထားတဲ့အတွက်လဲ မိုက်ပါတယ်.။
>> Flipboard
အွန်လိုင်းပေါ်မှာ
သတင်းစာဖတ်ချင်တယ်ဆိုရင် Flipboard ကိုသာသုံးပါ.။ ကိုယ်စိတ်ဝင်စားတဲ့ ကဏ္ဍအသီးသီးရဲ့
သတင်းတွေကို စက္ကန့်မလပ်သိနိုင်ပါတယ်.။ Apps ရဲ့ စာရွက်လှန်သလို လှန်ဖတ်ရတဲ့ အရသာကလဲ
တစ်မျိုးလေးပါပဲ.။
>> eBuddy
Chat
Client တော်တော်များများမှာ eBuddy ကို ကျနော်သုံးပါတယ်.။ Gtalk အကောင့်တွင်သာမက
Facebook, Myspace တွေပါ ဝင်ထားလို့ရတဲ့အတွက် တစ်နေရာတည်းကနေ အကောင့်အများကြီးကို ချက်ရတာ
အဆင်ပြေပါတယ်.။
>> Go SMS
Pro
SMS Apps
တွေထဲမှာလဲ ကျနော် Go SMS ကိုသုံးပါတယ်.။ သူ့မှာ Theme ပြောင်းတာ၊ Customize လုပ်တာတွေအပြင်
တခြားတော်တော်လေးအသုံးဝင်တဲ့ Feature တွေပါပါတယ်.။ Private Box, Filter Folder,
Scheduled Message, SMS Blocker, FB Chat, Web SMS, Cloud Backup, Go Chat စတာတွေဟာ
သုံးရတာလွယ်ကူပြီး အသုံးလဲဝင်ပါတယ်.။
>> Go Power
Master
Power
Apps တွေမှာတော့ Go Power Master ကိုသုံးပါတယ်.။ Interface က ဆွဲဆောင်မှုရှိပြီး သုံးရတာလဲ
လွယ်ကူလို့ပါ.။ Version အသစ်မှာ ပါဝင်တဲ့ Widget ကလဲ User Friendly ဖြစ်ပြီး လှလဲလှပါတယ်.။
>> Lookout
Antivirus
အရေးကြီးတဲ့
Antivirus အခန်းကဏ္ဍမှာတော့ နာမည်ကျော် Lookout ကို သုံးပါတယ်.။ Mobile Antivirus လောကမှာ
နာမည်ကြီးတဲ့ Lookout ဟာ တကယ်လဲကောင်းပြီး အသုံးဝင်တဲ့ App ဖြစ်ပါတယ်.။ သုံးရတာလွယ်ကူသလို
Free ရယူနိုင်ပါတယ်.။
>> Pixlr-o-matic
Autodesk
ရဲ့ Pixlr-o-matic ဟာ ကျနော်သုံးဖူးသမျှ ဓါတ်ပုံပြင်တဲ့ App တွေထဲမှာ အကောင်းဆုံးပါပဲ.။
သုံးရတာအရမ်းလွယ်ကူမြန်ဆန်ပါတယ်.။ Default ပေးထားတဲ့ Effect Packages တွေအပြင် အင်တာနက်နဲ့ချိတ်ဆက်ပြီး
Packages အသစ်တွေလဲ ထပ်ဒေါင်းလို့ရနိုင်ပါသေးတယ်.။
>> Dropbox
နာမည်ကျော်
Drop Box ဟာ Cloud Storage Service ဖြစ်ပါတယ်.။ ဖုန်းကတ်ဒ်ထဲမှာ Storage နေရာ မလုံလောက်တော့ရင်
Drop Box ကနေတဆင့် File တွေကို သိမ်းဆည်းထားနိုင်ပါတယ်.။ နေရာမဆံ့ဘူး ဆိုသူများအတွက်
အဆင်ပြေမှာပါ.။
>> Advanced
Task Killer
ဒါလေးကိုတော့
သိကြမှာပါ.။ Background Apps တွေကိုရှင်းပေးတဲ့ စက်ရုပ်လေးပါ.။ Memory နဲ့ Battery
လုံလောက်ဖို့ အသုံးဝင်တဲ့ App လေးပါပဲ.။
>> Share my
Application
သင့်မှာ
Application သာရှိပြီး .apk ဖိုင်မရှိတော့လို့ ဘယ်လိုမျှဝေရမလဲမသိဖြစ်နေမယ်ဆိုရင်တော့
ဒီ App က အရမ်းအသုံးဝင်ပါလိမ့်မယ်.။ သင့်ဖုန်းထဲက App တွေကို အလိုလို .apk ပြောင်းပြီး
သင်နှစ်သက်ရာနည်းလမ်းနဲ့ မျှဝေနိုင်မယ့် App လေးပါပဲ.။
>> Viber
and Tango
Free
Call တွေခေါ်ဖို့အတွက် Viber ကိုသုံးပြီး Video Chat လုပ်ဖို့အတွက်တော့ Tango ကိုသုံးပါတယ်.။
ကျနော်တို့နိုင်ငံလို ဖုန်းခေါ်ဆိုခဈေးကြီးတဲ့ နိုင်ငံအတွက် အရမ်းအသုံးဝင်တဲ့ App လေးတွေပါ.။
>> Polaris
Office
Office
App ပါ.။ ဖုန်း သို့မဟုတ် tablet နဲ့ Word Document တွေ၊ Persentation တွေ ဖန်တီးနိုင်တဲ့
အသုံးဝင်တဲ့ App လေးတစ်ခုပါပဲ.။
>> Winamp
သီချင်းနားထောင်ဖို့အတွက်တော့
PC တွေရဲ့ နာမည်ကြီး Winamp ရဲ့ Mobile Version ကိုသုံးပါတယ်.။ Equalizer တွေ
Sound Effect တွေကို လိုသလိုချိန်ညှိနိုင်သလို အသုံးပြုရတာလဲ လွယ်ကူပါတယ်.။
>> Firefox
Web
Browsing ပိုင်းမှာတော့ နာမည်ကျော် Firefox ကိုပဲ သုံးဖြစ်ပါတယ်.။ User Interface ရိုးရှင်းပြီး
သုံးရတာလွယ်ကူလို့ပါ.။
>> AndExplorer
Explorer
ထဲမှာတော့ ဒါလေးကိုပဲသုံးပါတယ်.။ Root Explorer, X-plorer စတာတွေနဲ့တော့ သိပ်ထူးထူးခြားခြား
ကွာဟမှုမရှိပါဘူး.။
ဒါတွေကတော့
ကျနော့်စက်ရုပ်အတွက် ကျနော်ရွေးချယ်ထားတဲ့ App များပဲဖြစ်ပါတယ်.။ အတတ်နိုင်ဆုံး ကဏ္ဍတွေစုံလင်အောင်
ထည့်ထားပေးပါတယ်.။ Live Wallpaper တွေ၊ Game တွေ၊ Widget တွေကိုတော့ သူ့အကြိုက် ကိုယ့်အကြိုက်
တူမှာမဟုတ်တဲ့အတွက် ထည့်မရေးတော့ပါဘူး.။
ဝေဖန်အကြံပြု ဆွေးနွေးချင်တာတွေရှိရင်၊ ပေးထားတဲ့
Download Link ပျက်စီးနေတာ၊ ပြင်ဆင်စေချင်တာတွေရှိရင် myanmarmobility@gmail.com ကို မေးလ်ပို့နိုင်ပါတယ်.။ ကျေးဇူးပါ.။
No comments:
Post a Comment