Wednesday 10 July 2013

Android စနစ်သုံး မျက်မှန် Recon Jet

Recon Jet
Recon instruments ရဲ့ Android အသုံးပြု မျက်မှန် Recon Jet ဖြစ်ပါတယ်.။ GPS, Google Maps, Navigation အစရှိတာတွေ သုံးနိုင်ပြီး iPhone သို့ Android ဖုန်းနဲ့ ချိတ်ဆက်ကာ ဖုန်းကိုင်နိုင် အင်တာနက်သုံးနိုင် Message လဲ ဖတ်နိုင်ပါတယ်.။ ဒါ့အပြင် Weather App များနဲ့ ချိတ်ဆက်ကာ မိုးလေဝသ ခန့်မှန်းမှုတွေ အချိန်နဲ့ တပြေးညီသိနိုင်သလို Health App များနဲ့လဲ ချိတ်ဆက်ပြီးတော့ ခန္ဓာကိုယ်ရဲ့ နှလုံးခုန်နှုန်း အပူချိန်၊ အစရှိတာတွေကိုလဲ ပြသပေးနိုင်ပါတယ်.။ Iron Man ရုပ်ရှင်ကားထဲက Tony Stark ရဲ့ မြင်ကွင်းလိုမျိုး ရရှိနိုင်မှာဖြစ်ပါတယ်.။



ကြိုတင်မှာယူသူများအနေနဲ့ Pilot Edition ကို မှာယူနိုင်ပြီး July 21 ရက်မတိုင်ခင် မှာယူရင် $499 ကျသင့်မှာဖြစ်ပါတယ်.။ July 21 ကျော်မှ မှာယူသူများကတော့ $599 ကျသင့်မှာဖြစ်ပြီး ဒီဇင်ဘာလထဲမှာ စတင်ရရှိနိုင်မှာ ဖြစ်ပါတယ်.။

Credit: www.hardwarezone.com.mm

No comments:

Post a Comment