Apple ဟာ iOS 7 ကို
ကြေညာလိုက်ပြီဖြစ်ပါတယ်.။ ဒီနှစ်နှောင်းပိုင်းမှာ Download ရယူနိုင်မှာဖြစ်ပါတယ်.။
ဒီဇိုင်းပိုင်းအရ ပိုမိုပြားသွားတယ်လို့ပြောလို့ရပါတယ်.။ အရင် icon တွေလို Glossy
မဟုတ်တော့ပဲ ပိုပြီးပြားတဲ့ icon တွေ သုံးထားလို့ဖြစ်ပါတယ်.။ iOS နဲ့
တွဲလျက်ပါနေတဲ့ App တွေဖြစ်တဲ့ Mail, Calender, Phone, Messages တွေမှာ
ဒီဇိုင်းပြောင်းလဲသွားတာတွေ့ရပြီး ပိုပြီး Clean ဖြစ်လာတာကိုတွေ့ရပါတယ်.။ ပါဝင်တဲ့
Feature ပိုင်းတွေကို အောက်မှာ ကျနော်တစ်ချက်ချင်း ရှင်းပြထားပါတယ်.။
ဒီပို့စ်ကို
Online Shopping အတွက် ကျနော်တို့တည်ထောင်ထားတဲ့ အခြား Page
တစ်ခုမှာလဲတင်ထားပါတယ်.။ မိတ်ဆွေများ အဲဒီ Page လေးကို Like လုပ်ပြီး ကျနော့်ကို
ကူညီ Share ပေးကြပါဦး.။ လိပ်စာက http://www.facebook.com/imart.com.mm
ပါ.။ ကျေးဇူးတင်ပါတယ်.။
Control Center: Screen ရဲ့ အောက်ဖက်ကနေ
အပေါ်ဖက်ကို လက်နဲ့ ပွတ်လိုက်ရင် ဒီ Menu ပေါ်လာမှာဖြစ်ပါတယ်.။ Basic Settings
တွေဖြစ်တဲ့ Wifi, Bluetooth, Screen Brightness နဲ့ Flashlight စတာတွေကို Control
လုပ်နိုင်ပါတယ်.။
Multitasking: Apps အကုန်လုံး
Multitask လုပ်လို့ရပါပြီ.။ iOS7 ဟာ သင့်ဖုန်းရဲ့ Battery ကို မကုန်စေဘဲ Apps
တွေကို ထိန်းချုပ်ထားနိုင်ပါတယ်.။ ဒါကြောင့် သင်ပိတ်လိုက်တဲ့ App ကို
နောက်ဆုံးရောက်တဲ့နေရာကနေ ပြန်ဖွင့်နိုင်ပါတယ်.။ လက်နဲ့ swipe လုပ်ပြီး
ပိတ်လို့ရတဲ့ Feature တစ်ခုလဲ ပါဝင်လာပါတယ်.။
Safari: ပိုပြီး Clean ဖြစ်တဲ့ Design
ပြောင်းလဲထားပါတယ်.။ 3D နဲ့ Tab တွေ ပြောင်းလဲနိုင်တဲ့ Feature ပါဝင်လာပါတယ်.။
AirDrop: Wifi ကိုအသုံးပြုပြီးတော့
အခြား iPhones နဲ့ iPads တွေနဲ့ ဖိုင်တွေ ရှယ်လ်သုံးနိုင်တဲ့ Feature ဖြစ်ပါတယ်.။
Camera: Mode တွေ
အလွယ်တကူပြောင်းလဲနိုင်တဲ့ ဒီဇိုင်းကိုပြောင်းလဲထားပါတယ်.။ Instagram လို filters
တွေလဲ ပါဝင်လာပါတယ်.။
Photos: ရိုက်လိုက်တဲ့ ဓါတ်ပုံရဲ့
အချိန်နဲ့ နေရာကို မူတည်ပြီး Album အသစ်တွေ Auto ဖန်တီးပေးနိုင်တဲ့ Feature
ပါဝင်လာပါတယ်.။ iCloud, Email, Facebook နဲ့ Twitter ပေါ်မှာ ပုံတွေ အလွယ်တကူ Share
နိုင်ပါတယ်.။
Siri: ဒီဇိုင်းပြောင်းလဲထားပါတယ်.။ သင့်ဖုန်းရဲ့
Brightness ကဲ့သို့ feature တွေကို Control လုပ်နိုင်ပါတယ်.။ Bing နဲ့
ချိတ်ဆက်ပြီး Result တွေ ပြပေးနိုင်အောင် ပြုလုပ်ထားပါတယ်.။
Car integration: အချို့ကားတွေနဲ့
ချိတ်ဆက်ပြီး Sync လုပ်နိုင်ပါတယ်.။ ကားမောင်းနေတဲ့အချိန်မှာ သင့်ဖုန်းကို Full Control
လုပ်နိုင်ပါတယ်.။
App Store: Apps တွေ Auto Update
လုပ်ပါလိမ့်မယ်.။ ဖုန်းရဲ့ Location နဲ့လိုက်ပြီး နိုင်ငံအလိုက် Popular ဖြစ်မယ့်
Apps တွေကို ရှာနိုင်ပါတယ်.။
Music and iTunes Radio: Music App
ဟာလဲ ဒီဇိုင်းအသစ်ဖြစ်ပါတယ်.။ Pandora လိုပဲ Online Radio Service ဖြစ်တဲ့ iTunes
Radio ပါဝင်ပါတယ်.။ Free ရယူနိုင်ပေမယ့် Ads တွေတော့ ပါဝင်ပါလိမ့်မယ်.။
Security: ဖုန်းပျောက်သွားခဲ့ရင် အဝေးကလှမ်းပြီး
သင့် Data တွေကို ဖျက်ပစ်နိုင်တဲ့ Feature အသစ်ပါဝင်လာပါတယ်.။ သင့် Password နဲ့မှ
ဖုန်းကို Active ပြန်လုပ်နိုင်တဲ့ Feature လဲ ပါဝင်ပါတယ်.။
Wifi Calls: Wifi အသုံးပြုပြီး
ဖုန်းခေါ်ဆိုနိုင်ပါတယ်.။ ဖုန်းလိုင်းလိုပဲ ကြည်လင်ပြတ်သားပြီး လိုင်းပြုတ်ကျဖို့
ခက်ခဲပါတယ်.။
iOS7 ကို
iPhone 4 နဲ့အထက်၊ iPad 2 နဲ့ အထက် နဲ့ iPod Touch မော်ဒယ်အသစ်အချို့မှာ
အသုံးပြုနိုင်ပါတယ်.။ အောက်မှာ ပုံအချို့တင်ပေးထားပါတယ်.။ iOS7 ကို ကြိုတင်ရင်ခုန်နိုင်ကြဖို့ပါ.။
<AMC>
Ref:
Business Insider
No comments:
Post a Comment