Tuesday, 14 May 2013

Android ဖုန်းတိုင်းထည့်သွင်းသင့်သော Apps (13) မျိုး

Android ဖုန်းအတွက် Apps များစွာရှိပါတယ်.။ အခမဲ့ရော အခပေးပါ Google Play ကတဆင့်ရယူနိုင်သလို အပြင်က third-party store တွေကလဲ ရယူနိုင်ပါသေးတယ်.။ ယခုဖော်ပြပေးထားတဲ့ Apps တွေကတော့ Android User အများစုအသုံးပြုကြတဲ့ Apps များပဲဖြစ်ပါတယ်.။ သူ့နေရာ သူ့ကဏ္ဍအလိုက် အကောင်းဆုံး Apps များဖြစ်ကြပါတယ်.။




(1) Google Chrome
အချို့ Android Phone များမှာ Built-in ပါဝင်ပြီးသားဖြစ်ပါတယ်.။ Google Chrome ဟာ Android ဖုန်းအတွက် အကောင်းဆုံး Browser ပဲဖြစ်ပါတယ်.။ Desktop နဲ့ အခြား Device တွေက Bookmarks နဲ့ အခြား data တွေကို Google Account ကနေတဆင့် အသုံးပြုနိုင်ပါတယ်.။
Price: Free

 (2) SwiftKey
          အကောင်းဆုံး Keyboard ပါပဲ..။ SwiftKey ရဲ့ ထူးခြားတဲ့ Feature ကတော့ သင့်ရဲ့ Social Media တွေ Email တွေကတဆင့် သင့်ရဲ့ စာရိုက်ပုံရိုက်နည်း အကျင့်စရိုက်တွေကို မှတ်သားပြီး သင်ဘာကိုရိုက်ဖို့ ကြိုးစားနေသလဲဆိုတာကို သိနေခြင်းပါပဲ.။
Price: $3.99

 (3) Flayvr
          Gallery Replacement Apps ဖြစ်ပါတယ်.။ Gallery ကိုအကောင်းဆုံး Manage လုပ်နိုင်ပါတယ်.။
Price: Free

(4) Plume
          Twitter Apps ဖြစ်ပါတယ်.။ Facebook ကိုပါ Sync လုပ်ပေးနိုင်ပါတယ်.။ လှပတဲ့ Widget ကောင်းမွန်တဲ့ Design တွေနဲ့ Plume ကို Original Twitter Apps အစား အသုံးပြုသင့်ပါတယ်.။
Price: Free

(5) Spotify
          Music Streaming Apps ဖြစ်ပါတယ်.။ သင့်ဖုန်းကနေ တိုက်ရိုက်နားဆင်နိုင်သလို တစ်လကို ဆယ်ဒေါ်လာ အကုန်အကျခံနိုင်မယ်ဆိုရင် သီချင်းတွေကို Download လုပ်ရယူနိုင်မှာဖြစ်ပါတယ်.။
Price: Free

(6) 1weather
          အကောင်းဆုံး Weather App တစ်ခု ဖြစ်ပါတယ်.။ သင်သွားတဲ့နေရာရဲ့ Location ကိုလိုက်ပါ ခန့်မှန်းနိုင်တာက 1weather ရဲ့ အကောင်းဆုံး Feature တစ်ခုဖြစ်ပါတယ်.။
Price: Free

(7) Instagram
          Photo Social Network ဖြစ်ပါတယ်.။ သုံးစွဲရတာ ရိုးရှင်းလွယ်ကူပြီး ကောင်းမွန်တဲ့ Filters တွေပါဝင်တဲ့အတွက် သင့်ဓါတ်ပုံတွေတင်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်.။
Price: Free

(8) Viber
          အများသိကြတဲ့ Viber ဖြစ်ပါတယ်.။ Cross Platform တွေအတွက် internet ကနေ ဖုန်းခေါ်နိုင်၊ ဒေတာတွေပို့ပေးနိုင်၊ မတ်ဆေ့ခ်ျပို့နိုင်တဲ့ App ပါ.။ HD Sound Quality နဲ့ အသုံးပြုနိုင်သလို လူအယောက် ၄၀ တစ်ပြိုင်တည်း စကားပြောလို့ရပါတယ်.။ Desktop Version တွေလဲ ထုတ်ဝေပေးလိုက်ပြီဖြစ်တဲ့အတွက် အနာဂါတ်မှာ ပိုအသုံးဝင်လာဦးမယ့် သဘောမှာရှိပါတယ်.။
Price: Free

(9) Feedly
          Feedly ကတော့ News Apps ဖြစ်ပါတယ်.။ သင့်ဖတ်နေကျ Blog တွေ Web တွေ Rss Feeds တွေနဲ့ Youtube Channel တွေက Content တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတာဖြစ်ပါတယ်.။ Apps ရဲ့ ဒီဇိုင်းဟာလဲ သုံးရတာ ရိုးရှင်းလွယ်ကူပြီး မြန်ဆန်ပါတယ်.။
Price: Free

(10) IM+
          Chat Client ဖြစ်ပါတယ်.။ Chatting Site အတော်များများကို Support ပေးထားပြီး တစ်နေရာတည်းကနေ စိတ်ကြိုက် Chat နိုင်တဲ့ App ဖြစ်ပါတယ်.။
Price: Free

(11) Volume Booster
          Speaker အသံတိုးလို့ ညစ်နေသူများအတွက်ပါ.။ အနည်းဆုံး 20% to 30% အသံပိုချဲ့ပေးနိုင်တယ်လို့ ဆိုပါတယ်.။
Price: Free

(12) Evernote
          Note တွေ Pic တွေနဲ့ Video Clips တွေကို Cloud ပေါ်မှာ တင်ထားပေးတဲ့အတွက် သင်ဘယ် Device ကိုသုံးနေတာပဲဖြစ်ဖြစ် သင့်ဒေတာတွေကို သင်အသုံးပြုနိုင်နေတာက Evernote ရဲ့ အားသာချက်ဖြစ်ပါတယ်.။
Price: Free

(13) Tango
          Video Chat Apps ဖြစ်ပါတယ်.။ Voice Call တွေ Message တွေလဲ ပို့လို့ရပါတယ်.။
Price: Free

အထက်မှာဖော်ပြခဲ့တဲ့ Apps တွေဟာ Popular အဖြစ်ဆုံးနဲ့ အကောင်းဆုံးတွေဆိုတာတော့ သေချာပါတယ်.။ လူတစ်ဦးချင်းစီမှာ သူ့အကြိုက်နဲ့သူရှိတာကြောင့် အများဆန္ဒနဲ့တော့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်.။ အများစုနဲ့တော့ ကိုက်ညီလိမ့်မယ်လို့ မျှော်လင့်မိတာနဲ့ အင်တာနက်မှ ရှာဖွေတင်ပြလိုက်ရပါတယ်ခင်ဗျား.။

<AMC>
 Ref: Business Insider, Google Play
Also Posted in: www.facebook.com/UsefulTech

No comments:

Post a Comment