Monday, 6 May 2013

သင်မသိခဲ့နိုင်သော iPhone Headphone ၏ လုပ်ဆောင်ချက် (၇) မျိုး



 iPhone ရဲ့ Original Headphone မှာ ခလုတ် ၃ ခုပါဝင်ပါတယ်.။ Volume Up, Volume Down နဲ့ အလည်က ခလုတ်လေးတစ်ခု ဖြစ်ပါတယ်.။ အများစုကတော့ သီချင်းတိုးတာ ကျယ်တာ နဲ့ ဖုန်းကိုင်တာချတာလောက်ပဲ လုပ်ဖူးကြလိမ့်မယ်ထင်ပါတယ်.။ အခု တင်ပြထားတဲ့ လုပ်ဆောင်ချက်တွေကတော့ လူနည်းစုလောက်သာ အသုံးပြုဖြစ်ကြပါလိမ့်မယ်.။ သင့်မှာ iPhone တစ်လုံးရှိမယ်ဆိုရင် တစ်ချက်ချင်းစီ လိုက်လုပ်ကြည့်ကြည့်ပါ.။

(၁) သီချင်း သို့မဟုတ် Video တစ်ခုကို Pause နိုင် Play နိုင်ခြင်း
အလည်ခလုတ်ကို တစ်ချက် နှိပ်ရင် Pause ဖြစ်ပြီး နောက်တစ်ချက်ထပ်နှိပ်ရင် Play ဖြစ်ပါတယ်.။

(၂) သီချင်းကို ကျော်ခြင်း၊ ပြန်ရစ်ခြင်း
အလည်ခလုတ်ကို နှစ်ချက်နှိပ်ပြီး ဒုတိယအချက်မှာ ဖိထားလိုက်ရင် အရှေ့ကိုကျော်တာဖြစ်ပါတယ်.။
သုံးချက် နှိပ်ပြီး တတိယအချက်မှာ ဖိထားခြင်းဖြင့် အနောက်ကို ပြန်ရစ်နိုင်ပါတယ်.။

(၃) ဓါတ်ပုံရိုက်နိုင်ခြင်း
iPhone ရဲ့ Default Camera App ကိုဝင်ထားပြီးရင် Volume Up (+) ခလုတ်ကို နှိပ်ပြီး ဓါတ်ပုံရိုက်နိုင်ပါတယ်.။ Default App မှာပဲရမှာဖြစ်ပါတယ်.။

(၄) Siri ကို Activate လုပ်ခြင်း
အလည်ခလုတ်ကို တစ်ချက်နှိပ်ပြီးဖိထားခြင်းဖြင့် Siri ကိုနှိုးနိုင်ပါတယ်.။

(၅) Next နှင့် Previous
သီချင်းနားထောင်နေရင်း အလည်ခလုတ်ကို ၂ ချက်ဆက်တိုက်နှိပ်လိုက်ရင် နောက်သီချင်းတစ်ပုဒ်ကို ကျော်သွားမှာဖြစ်ပါတယ်.။ ၃ ချက်နှိပ်ရင်တော့ အရင်သီချင်းကို ပြန်ရောက်မှာဖြစ်ပါတယ်.။

(၆) ဖုန်းကိုင်ခြင်း၊ ချခြင်း
အလည်ခလုတ်ကို တစ်ချက်နှိပ်ရင် ဖုန်းကိုင်ပါတယ်.။ နောက်တစ်ချက်ထပ်နှိပ်ရင် ပြန်ချမှာဖြစ်ပါတယ်.။

(၇) ဝင်လာသောဖုန်းကို ignore လုပ်ခြင်း
ဖုန်းတစ်ခုဝင်လာတဲ့အခါ အလည်ခလုတ်ကို ၂ စက္ကန့်လောက်ဖိထားပြီး လွှတ်လိုက်ရင် ဖုန်းကျသွားတာတွေ့ပါလိမ့်မယ်.။

အင်တာနက်မှာ ရှာဖွေတွေ့ရှိတာလေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်.။ ကျနော့်မှာ အိုင်ဖုန်းမရှိတဲ့အတွက် မစမ်းသပ်နိုင်ပါဘူး.။ မိတ်ဆွေများစမ်းသပ်ပြီး Result လေးတွေရေးပေးနိုင်ရင် ရေးပေးခဲ့ကြပါခင်ဗျ.။



Ref: internet
အသုံးတဲ့သော ဆော့ဖ်ဝဲများမျှဝေမယ် တွင် တစ်ပြိုင်တည်းတင်သည်.။

No comments:

Post a Comment