Android Software နဲ့ Chromebook Pixlr တို့အပြင် Google
လက်ရှိလုပ်ဆောင်နေတဲ့ Project များ အများကြီးရှိပါတယ်.။ အချို့ကို သင်ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်.။
အချို့ကိုတော့ သင်မသိသေးလောက်ပါဘူး.။ မသိသေးတဲ့အပြင် သိလိုက်ရရင် စိတ်လှုပ်ရှားပြီး
ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်းထင်ပါလိမ့်မယ်.။ အများအားဖြင့် Google ရဲ့ idea အသစ်အဆန်းတွေကို
အကောင်အထည်ဖော်နေကြဖြစ်တဲ့ လျှို့ဝှက်အဖွဲ့အစည်း Google X က ကြံစည်နေတဲ့ Project များဖြစ်ပါတယ်.။
ကျနော် ဒီပို့စ်မှာ အဲဒီလို Project မျိုး ၁၀ ခုအကြောင်း ရေးပြထားပါတယ်.။
#google #googlex
(1) Driverless Car
Google ဟာ မောင်းသူမဲ့ကားများကို တီထွင်ဖို့ ပြင်ဆင်နေခဲ့တာ
နှစ်အနည်းငယ်ရှိပါပြီ.။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်နှစ်ခုဖြစ်တဲ့
ကယ်လီဖိုးနီးယား နဲ့ နီဗားဒါး တို့မှာ မောင်းနှင်ခွင့်လိုင်စင်တောင်
ရထားပြီးပါပြီ.။ August 2012 မှာဆိုရင် မောင်းသူမဲ့ကား စမ်းသပ်တဲ့ အဖွဲ့ဟာ
စုစုပေါင်း မိုင် 100000 မောင်းနှင်စမ်းသပ်ပြီးပြီလို့ သိရပါတယ်.။
စီးပွားဖြစ်ထုတ်လုပ်မယ့် အချိန်အတိအကျကို မသိရသေးပေမယ့်
မဝေးတော့တဲ့ကာလမှာဖြစ်မယ်လို့ ခန့်မှန်းရပါတယ်.။
(2) Google Glass
Google Glass ဟာ Smartphone
ရဲ့ Feature ပေါင်းများစွာပါဝင်တဲ့ Wearable Techonology Product တစ်ခု ဖြစ်ပါတယ်.။
Tweet နဲ့ Status များဖတ်ခြင်း၊ Appointments အတွက် Clander ကို ကြည့်ခြင်း၊
Notification နဲ့ Message များဖတ်ခြင်းတို့မှအစ Game ကစားခြင်း Youtube Video
ကြည့်ခြင်းတို့အထိ အသုံးပြုနိုင်ပါတယ်.။ Developer များနဲ့ ဂျာနယ်လစ်များကို
အစမ်းပြသပြီးဖြစ်တဲ့ Google Glass ကို ရှေ့နှစ်လောက်မှာ ဈေးကွက်တင်ဖို့ Google
ကကြိုးပမ်းနေပါတယ်.။
(3) Android@Home
Android@Home ဟာ
အနာဂတ်စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ထဲကလို စိတ်ကူးမျိုးဖြစ်ပါတယ်.။ Android OS ကို
အသုံးပြုပြီး သင့်အိမ်ရဲ့ တံခါးသော့၊ ရေခဲသေတ္တာ၊ အဲကွန်း၊ မီးအဖွင့်အပိတ်ကအစ
ရေချိုးခန်းအိမ်သာများအထိ အင်တာနက်မှ ထိန်းချုပ်နိုင်ဖို့ဖြစ်ပါတယ်.။
သင်နေမကောင်းရင် သင့်အိမ်က Android OS က သိပြီး ဆရာဝန်ကို
အကြောင်းကြားပေးတာမျိုးအထိ လုပ်ဆောင်ပေးနိုင်ပါတယ်.။
(4) Space Elevator
2011 ခုနှစ်မှာ Time
မဂ္ဂဇင်းက သတင်းတစ်ခု ထုတ်ပြန်ရာမှာ Google အနေနဲ့ Google X ရဲ့ Project
စာရင်းထဲကို Space Elevator Project ထည့်သွင်းခဲ့တယ်လို့ ပါဝင်ပါတယ်.။ Space
Elevator ကတော့ နာမည်ရဲ့ အဓိပ္ပယ်အတိုင်းပါပဲ.။ အာကာသထဲကို ဓါတ်လှေကားနဲ့
တက်ဖို့ပါ.။
ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာ
အခုထိ မပြောတတ်သေးပေမယ့် Google X ရဲ့ အနာဂတ်စီမံကိန်း စာရင်းထဲမှာတော့ ပါဝင်နေတာ
အမှန်ပါပဲ.။
(5) Android Smartwatch
ဒီတစ်ပတ်မှ ရရှိတဲ့
သတင်းဖြစ်ပါတယ်.။ Apple ရဲ့ iWatch ကို ယှဉ်ပြိုင်ဖို့ Google က Android စနစ်သုံး
နာရီကို ထုတ်လုပ်နေတယ်ဆိုတဲ့သတင်းပါ.။ Wearable Technology မှာ ရေပန်းစားတဲ့
Smartwatch ဈေးကွက်ထဲကို Google ပါဝင်လာတယ်ဆိုတာ တကယ်တော့ အံ့သြစရာမဟုတ်ပါဘူး.။
ဘယ်အချိန်မှာ Google က Smartwatch ကို ဈေးကွက်တင်မလဲဆိုတာကိုပဲ
စောင့်ကြည့်ရမှာဖြစ်ပါတယ်.။
(6) Medicines or Pills
သင့်ရောဂါကို Digital
နည်းလမ်းများနဲ့ ကုသဖို့ အသင့်ဖြစ်နေပါပြီ.။ Google ပိုင် ဆေးကုမ္ပဏီဖြစ်တဲ့ Adimab
ဟာ ဆေးဝါးတွေထဲမှာ နည်းပညာကို ပေါင်းစပ်ပြီး သင့်ကိုယ်ခန္ဓာရဲ့
ခံနိုင်ရည်အားမြှင့်တင်ဖို့၊ အဖျားဝေဒနာတွေ အမြန်ပျောက်ကင်းဖို့၊
နောက်တစ်ကြိမ်ရောဂါတွေ ထပ်မဖြစ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်.။
ဈေးကွက်ရောက်မယ့်ကာလကိုတော့ မသိရသေးပါဘူး.။
(7) Wireless Blimps
Google ဟာ လေပူဖောင်းကြီးတွေကို
အသုံးပြုပြီး ကမ္ဘာ့လေထုထဲကတဆင့် တစ်ကမ္ဘာလုံးကို Wireless Internet Network
လွှမ်းခြုံနိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်.။ ယခုလက်ရှိ အာဖရိကမှာ
စတင်နေပြီဖြစ်ပြီး အောင်မြင်မှုရခဲ့ရင် ကမ္ဘာပေါ်က နောက်ထပ် လူဦးရေ သန်းတစ်ထောင်ကို
အင်တာနက်ကွန်ရက် ပေးစွမ်းနိုင်မှာဖြစ်ပါတယ်.။
(8) Android-base Video Game
Console
Android ကိုအခြေခံတဲ့ Video
Game console တစ်ခုကို Google က တီထွင်ဖန်တီးနေတယ်လို့ Wall Street Journal ရဲ့
ဖော်ပြချက်အရ သိရပါတယ်.။ Apple ရဲ့ TV နဲ့ ပြိုင်ဖက်ဖြစ်လာမယ့် ယင်း Console ဟာ
Android Game တွေကို TV နဲ့ တွဲဖက်ကစားနိုင်မှာဖြစ်သလို အခြား TV Features များလဲ
ပါဝင်မှာဖြစ်ပါတယ်.။
(9) Moto X
Google ပိုင် ကုမ္ပဏီဖြစ်တဲ့
Motorola ဟာ ဒီနှစ်ကုန်ပိုင်းမှာ နောက်ဆုံးပေါ် ဖုန်းအသစ်တစ်မျိုး
ထုတ်လုပ်မှာဖြစ်ပါတယ်.။ Moto X လို့ အမည်ရတဲ့ ယင်းဖုန်းမှာ နောက်ဆုံးပေါ် Feature
အသစ်များနဲ့ Specs များ ပါဝင်မှာဖြစ်ပြီး Android OS အသုံးပြုမှာဖြစ်ပါတယ်.။
(10) Wind Energy
Google ဟာ
ဓါတ်အားကုမ္ပဏီတစ်ခုဖြစ်တဲ့ Makani Power ကိုဝယ်ယူခဲ့ပြီး
လေအားလျှပ်စစ်ထုတ်လုပ်ဖို့ စမ်းသပ်နေပြိဖြစ်ပါတယ်.။ လေထုထဲမှာ ပေ 800 နဲ့ 1950
ကြားမှာ ပျံသန်းနေတဲ့ Wind Turbines တွေကနေတဆင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှာ
ဖြစ်ပါတယ်.။
ဒါတွေကတော့ Google ရဲ့
လက်ရှိ ကြံဆနေတဲ့ Project တွေထဲက တစ်ချို့ပဲဖြစ်ပါတယ်.။ ဖြစ်နိုင်ချေရှိတဲ့
Project တွေပါဝင်သလို Space Elevator လို စိတ်ကူးယဉ်ဆန်တဲ့ Project များလဲ
ပါဝင်နေတာမို့ တကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ.။
<AMC>
www.facebook.com/hardwarezone.com.mm
<AMC>
www.facebook.com/hardwarezone.com.mm
No comments:
Post a Comment