Friday, 5 July 2013

သင့် Android ဖုန်းကို ပိုမို အသုံးဝင်စေသော Apps (10) မျိုး

Intro မဝင်တော့ပါဘူး.။ ဒီ Apps List ထဲမှာပါတဲ့ Application တွေကို သုံးခြင်းဖြင့် Android ဖုန်းဟာ ပိုပြီး အဆင်ပြေလာမှာ အမှန်ပါပဲ.။ Apps အများစုဟာ Free ဖြစ်ပါတယ်.။ စမ်းသုံးကြည့်ပါ.။ သူငယ်ချင်းများကိုလဲ မျှဝေပေးပါ.။ :)

#android #apps #androidapps







(1) Swift Key
ကိုယ့်ရဲ့ စာရိုက်ပုံရိုက်နည်းကို မှတ်သားထားပြီး စာလုံးများကို ခန့်မှန်းပေးမယ့် Keyboard App ဖြစ်ပါတယ်.။
Price: $ 3.99



(2) Mighty Text
သင့်ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပေးထားပြီး ကွန်ပျူတာမှတဆင့် Text Message ပို့ခြင်း နဲ့ ဖတ်ခြင်းများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်.။ PC ရော Mac မှာပါ အသုံးပြုနိုင်ပါတယ်.။
Price: Free


(3) SkyMotion
ဘယ်အချိန်မှာ မိုးရွာပြီး ဘယ်အချိန်မှာ တိတ်သွားမလဲဆိုတာ ပြပေးမယ့် App ဖြစ်ပါတယ်.။ GPS နဲ့ Local တွေရဲ့ Weather Focus တွေကို ကြည့်ပြီး ခန့်မှန်းပေးမှာဖြစ်ပါတယ်.။ 
Price: Free


(4) Google Sky Map
သင် ဘယ်ကြယ်တွေကို ကြည့်နေသလဲဆိုတာ ပြပေးမယ့် App ဖြစ်ပါတယ်.။ သင့်ဖုန်း ကင်မရာ ဦးတည်ရာအရပ်ဆီက ကြယ်တွေကို မြေပုံနဲ့တကွပြပေးမှာ ဖြစ်သလို Zoom ဆွဲပြီးတော့လဲ ကြည့်နိုင်ပါတယ်.။ (ကျနော် မကြာမကြာ ကြည့်ဖြစ်တဲ့ App ဖြစ်ပါတယ်.။)
Price: Free


(5) Rayman Jungle Run
Graphic ကောင်းကောင်းနဲ့ ဂိမ်းကစားချင်သူများအတွက်ပါ.။ အရင်တုန်းက Rayman ဂိမ်းကို ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်.။
Price: $ 2.99


(6) Field Trip
သင်ရောက်နေတဲ့ နေရာကို ကြည့်ပြီး သင့်အနီးအနားက ထင်ရှားတဲ့နေရာတစ်ခုအကြောင်း Notification ပြပေးမယ့် App ဖြစ်ပါတယ်.။ သင်နားကျပ်တပ်ထားရင်၊ သင့်ကို အသံနဲ့ပါအကြောင်းကြားမှာဖြစ်ပါတယ်.။ GPS နဲ့ Mobile Data ကို On ထားဖို့တော့ လိုပါတယ်.။
Price: Free

(7) Weather Eye
App နဲ့ Widget ရောထားတဲ့ Weather App ဖြစ်ပါတယ်.။ သုံးရတာလွယ်ကူမြန်ဆန်ပြီး ဒီဇိုင်းကလဲ သန့်ရှင်းလှပပါတယ်.။
Price: Free


(8) Apex Launcher
ပေါ့ပါးမြန်ဆန်ပြီး Customize လုပ်နိုင်စွမ်းလဲ မြင့်မားတဲ့ Launcher ဖြစ်ပါတယ်.။ အကောင်းဆုံး Android Launcher တွေထဲမှာပါဝင်ပြီး Rating ကောင်းကောင်းလဲ ရထားတဲ့ Launcher ဖြစ်ပါတယ်.။
Price: Free


(9) uTorrent
Torrent User များအတွက် uTorrent ဖြစ်ပါတယ်.။ ပေါ်ပြူလာအဖြစ်ဆုံး Torrent Client ဖြစ်ပြီး သုံးရတာလဲ လွယ်ကူပါတယ်.။
Price: Free


(10) ScoreMobile
အားကစားသတင်းနဲ့ Live Score များကြည့်ဖို့ အသုံးဝင်တဲ့ App ဖြစ်ပါတယ်.။ My Score လို့ခေါ်တဲ့ ကိုယ်ပိုင် Customize လုပ်နိုင်တဲ့ Area လဲပါဝင်ပါတယ်.။
Price: Free



<AMC>
Ref: Business Insider

No comments:

Post a Comment