Android ဆိုတာ ဘာလဲလို့မေးရင် မိုဘိုင်းလ်ဖုန်းတွေအတွက် ထုတ်လုပ်ထားတဲ့ ထိန်းချုပ်မှုစနစ်တစ်ခု (A Mobile Operating System) လို့ဖြေရပါလိမ့်မယ်။ Android Operating System ကို မိုဘိုင်းလ်ဖုန်းများ နဲ့ Tablet ခေါ် ကျောက်သင်ပုန်းကွန်ပျူတာများပေါ်မှာ အသုံးပြုဖို့အတွက် Google ကနေဦးဆောင်တဲ့ Open Handset Alliance (OHA) က Develop လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအဖွဲ့အစည်းမှာ ပါဝင်သူတွေကတော့ Google, HTC, Intel, Sony, Dell, Motorola, Samsung, LG, T-Mobile, Nvidia, Qualcomm, Texas Instrument, Sprint Nextel, Wind River Systems တို့ဖြစ်ပါတယ်။ Google ဟာ မူလ Android အဖွဲ့အစည်းဖြစ်တဲ့ Android Inc. ကို 2005 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ယခု 2012 February လမှာ Android OS အသုံးပြုတဲ့ Devices ပေါင်း သန်း ၃၀၀ (300 Millions) ရှိလာတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။ October 2011 မှာ Android OS အတွက် Applications ပေါင်း 500000 ကျော်ရှိလာခဲ့ပြီး Android Market ကနေ Download လုပ်အသုံးပြုတဲ့ အကြိမ်အရေအတွက်ဟာ 2011 December မှာ သန်းပေါင်း ၁၀၀၀၀ ကျော် ( Over 10 Billions) ရှိခဲ့ပါတယ်။
ဗားရှင်းသမိုင်း (History of Versions)
နောက်ဆုံးထွက်ထားတဲ့ Android Version တွေက
2.3 Gingerbread - ဒီ Version မှာ User Interface, Soft Keyboard
Copy/Paste Feature နဲ့ Gaming Performance ကိုပြုပြင်ထားပြီး VoIP Service
ထည့်သွင်းထားပါတယ်.။
3.0 Honeycomb - Version 3 မျိုးရှိပါတယ်.။ 3.0 Honeycomb က ၂၀၁၁ ဖေဖော်ဝါရီမှာထုတ်ခဲ့တယ်.။
3.1 Honeycomb က မေလ၊ 3.2 Honeycomb က ဇူလိုင်လမှာ ထုတ်ခဲ့တယ်.။ သူက
Screen အရွယ်အစားကြီးတဲ့ Tablet တွေအတွက်ဖြစ်ပါတယ်.။
4.0 Ice Cream Sandwich - ၂၀၁၁ အောက်တိုဘာ မှာ Version 4.0 Ice Cream Sandwich
ကိုကြေညာခဲ့ပါတယ်.။ သူကတော့ Tablet မှာသုံးတဲ့ Honeycomb ကို Smart
Phones တွေဆီ
ယူလာခဲ့တဲ့ Version ပါ.။ နောက်ဆုံးထွက်ရှိထားတဲ့ Android
Version ကတော့
နိုဝင်ဘာ ၂၀၁၁ မှာထုတ်ဝေခဲ့တဲ့ 4.0.1 Ice Cream
Sandwich ဖြစ်ပါတယ်.။
Android နဲ့ပတ်သက်ပြီး မိတ်ဆက်အနေနဲ့သာရှင်းပြထားခြင်းဖြစ်ပါတယ်။ အကျယ်တဝင့်ရှင်းလင်းရန် လိုအပ်သည်များကို နောက်ပိုင်းပို့စ်တွေမှာ ဆက်ရှင်းသွားမှာပါ။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါ။
Ref: Wiki, Mmteashop
Thanks so much for your information, iPhone can use WCDMA SIM card. We are argue about that case. Some handset could not be fixed with CDMA.
ReplyDelete