Apple ရဲ့အစဉ်အလာအရဆိုရင် အခု ကျနော်တို့ iPhone 4S ရဲ့ သက်တမ်းတစ်ဝက်ကို ဖြတ်ကျော်လာခဲ့ပြီးပါပြီ။ ဒါဟာဘာကိုဆိုလိုသလဲဆိုရင် iPhone ရဲ့ နောက်မျိုးဆက်သစ်တစ်ခုကို ကျနော်တို့ မြင်ရတော့မှာဖြစ်ပါတယ်။ ကျနော်တို့ကြားရသလောက် iPhone အသစ်မှာ ပိုမိုအရွယ်အစားကြီးတဲ့ Screen ပါဝင်မယ်လို့ ကြားရပါတယ်။ ဒီ့အပြင်တခြား ဘာတွေ ကြားရပါသေးသလဲ။ ကျနော် ဒီပို့စ်မှာ iPhone 5 နဲ့ပတ်သက်တဲ့ အဓိကအရေးကြီးတဲ့ ကောလဟာလတွေကို စုစည်းတင်ပြထားပါတယ်။
(၁) ထုတ်လုပ်မည့်ရက် - အောက်တိုဘာ ၂၀၁၂ (ထင်မြင်ယူဆချက်)
Apple ဟာ သူ့ရဲ့ iPhone ထုတ်လုပ်တဲ့အချိန်ကို iPhone 4S ကနေစပြီး တိတိကျကျ သတ်မှတ်ခဲ့ပြီလို့ ထင်ရပါတယ်။ ဒါကြောင့် iPhone 5 ဟာလဲ 4S လိုပဲ စက်တင်ဘာ သို့မဟုတ် အောက်တိုဘာ မှာ ထုတ်မယ်လို့ ခန့်မှန်းရပါတယ်။
(၂) အလွန်လျှင်မြန်တဲ့ 4G LTE နဲ့ချိတ်ဆက်လို့ရပါလိမ့်မယ် (သေချာသလောက်ရှိ)
LTE ဆိုတာ နောက်ဆုံးပေါ် အကောင်းဆုံး အလျှင်မြန်ဆုံး wireless technology ဖြစ်ပါတယ်။ လောလောဆယ်အထိ AT&T နဲ့ Verizon ကုမ္ပဏီ (၂) ခုထဲမှာသာ ဝယ်ယူရရှိနိုင်ပါသေးတယ်။ iPhone 5 ထွက်ပေါ်လာမယ့် အချိန်လောက်မှာပဲ Sprint ကုမ္ပဏီ မှာပါ ဝယ်ယူရနိုင်လိမ့်မယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် ယခုထွက်ပေါ်လာမယ့် နည်းပညာအဆင့်မြင့် iPhone 5 မှာ ကမ္ဘာ့အမြန်ဆုံး wireless လိုင်း ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ (ကျနော်တို့ရွှေနိုင်ငံမှာ မရပါ)
(၃) iPhone 4S ထက် ပိုမိုသေးငယ်နိုင်ပါတယ် (ထင်မြင်ယူဆချက်)
iPhone 4 နဲ့ 4S နှစ်မျိုးစလုံးဟာ Design တစ်ခုတည်းဖြစ်ခဲ့တာကြောင့် ယခုထွက်ပေါ်လာမယ့် 5 မှာ Design အသစ်နဲ့ ပွဲထွက်လာဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။ နောက်ဆုံးကြားရတဲ့ ကောလဟာလ အရဆိုရင် iPhone အသစ်ဟာ 7.9 မီလီမီတာ အထူရှိနိုင်ပြီးတော့ iPhone 4S ထက် 1 မီလီမီတာ ပိုပြီး ပါးပါလိမ့်မယ် တဲ့။
(၄) Screen အရွယ်အစား ၄ လက်မ ရှိနိုင်ပြီး Body ကတော့ ယခုအတိုင်းပဲဖြစ်နိုင်ပါတယ် (မသေချာသေး)
နောက်ဆုံးရသတင်းတွေအရ Apple ဟာ iPhone အသစ်မှာ 4 လက်မ Screen အသစ်ကို သုံးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ The Wall Street Journal ရဲ့ အဆိုအရ Apple ဟာ ပိုကြီးတဲ့ Screen မှာယူမှုတွေ ရှိခဲ့သလို 9to5Mac ရဲ့ အဆိုအရလဲ 4 လက်မအရွယ် iPhone ကို စမ်းသပ်နေတယ်လို့ ဆိုပါတယ်။ ခန့်မှန်းချက်တွေအရ Body အရွယ်အစားကတော့ ယခုအတိုင်းရှိနိုင်ပြီး Screen အရွယ်အစားပဲ ပြောင်းလဲသွားမှာဖြစ်ပြီး ratio အနေနဲ့ 16:9 ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
(၅) Body ကို "Liquid Metal" သုံးနိုင်ပါတယ် (မသေချာသေး)
အာရှဖက်ကလာတဲ့ တစ်ချို့သတင်းတွေအရ iPhone အသစ်မှာ ပိုမိုပေါ့ပါးတဲ့ "Liquid Metal" Alloy လို့ခေါ်တဲ့ သတ္တုအရည် ကိုသုံးမယ်လို့ ခန့်မှန်းရပါတယ်။
(၆) iPadတွေမှာပါဝင်ခဲ့တဲ့ Processor ကို ပြန်သုံးပါလိမ့်မယ် (ထင်မြင်ယူဆချက်)
Apple ဟာ iPad တွေမှာ အမြန်ဆုံး Hardware တွေကို သုံးခဲ့ပါတယ်။ ယခု iPhone တွေမှာပါ အဲဒီ Hardware တွေ သုံးလာနိုင်ပါတယ်။ ကျနော်တို့ iPad 2 နဲ့ iPhone 4S မှာ မြင်ခဲ့ရတဲ့ Processor ကိုပဲ ယခု iPhone 5 မှာ ပြန်သုံးမယ်လို့ ယူဆရပါတယ်။
(၇) ပိုမိုလှပတဲ့ "Sleek" Unibody သုံးနိုင်ပါတယ် (မသေချာသေး)
Topeka Capital Markets ရဲ့ စုံစမ်းရေးမှုးဖြစ်တဲ့ Brian White ရဲ့ အဆိုအရ iPhone 5 မှာ "Sleek" Unibody လို့ခေါ်တဲ့ ပိုမိုလှပတဲ့ Body ကို အသုံးပြုလာနိုင်ပါတယ်လို့ ဆိုပါတယ်။ (ပုံကိုကြည့်ပါ)
(၈) App Store ကို ပြင်ဆင်နိုင်ပါတယ် (ထင်မြင်ယူဆချက်)
ယခုအချိန်မှာ Chomp ကုမ္ပဏီ နဲ့ လက်တွဲလုပ်ဆောင်ချက်တွေကိုကြည့်ခြင်းအားဖြင့် Apple ဟာ သူ့ရဲ့ App Store ကို အကြီးစားပြင်ဆင်မှုတွေ လုပ်မယ်လို့ ထင်ရပါတယ်။
(၉) Dock Connector ပိုမိုသေးလာနိုင်ခြင်း (မသေချာသေး)
အရွယ်အစား ပိုမိုပါးလွှာလာမယ့် iPhone အတွက် ပိုမိုသေးတဲ့ Dock Connector နဲ့ Charger တွေ လိုလာမယ်ဆိုတာ သေချာပါတယ်။ မကောင်းတဲ့အချက်ကတော့ iPhone 4 နဲ့ 4S ကနေ Upgrade လုပ်မယ့်သူများအတွက်ကတော့ Connector နဲ့ Charger အားလုံး အသစ်ပြန်ဝယ်ရမှာပါ။
(၁၀) Touchscreen ကို ပြင်ဆင်နိုင်ခြင်း (မသေချာသေး)
ပိုမိုပါးလွှာလာမယ့် iPhone မှာ သူနဲ့ အဆင်ပြေပြီး သင့်လျော်မယ့် Touchscreen ကို ပြင်ဆင်ထည့်သွင်းထားလိမ့်မယ်လို့ ယူဆရပါတယ်။
(၁၁) ဈေးပေါတဲ့ iPhne Nano ပေါ်ထွက်လာနိုင်ခြင်း (သံသယရှိ)
နှစ်တိုင်းထွက်ပေါ်နေကျ ကောလဟာလဖြစ်ပါတယ်။ နှစ်တိုင်းမှာ ပိုမိုသေးငယ်ပြီးဈေးပေါတဲ့ iPhone Nano ထွက်ပေါ်လာနိုင်တယ်လို့ သတင်းထွက်ခဲ့ပြီး နှစ်တိုင်းပဲ မှားယွင်းခဲ့ပါတယ်။ ယခုနှစ်မှာလဲ Android ကို ယှဉ်ပြိုင်ဖို့ Nano တွေ ထုတ်မယ် လို့ သတင်းထွက်နေဆဲပါ။
(၁၂) Map App ကိုပြောင်းလဲအသုံးပြုခြင်း (သေချာ)
Apple ဟာ နောင်လာမယ့် မျိုးဆက်သစ် Device များမှာ Google Map ကို မသုံးတော့ဘဲ ကိုယ်ပိုင် Map Software ကိုသုံးမယ်လို့ ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် iPhone 5 မှာလဲ ဒီ Software ကိုပဲ မြင်ရဖို့ သေချာပါတယ်။
ဒါတွေကတော့ သင်မသိသေးတဲ့ iPhone 5 ကောလဟာလတွေပဲဖြစ်ပါတယ်။ နည်းပညာလောကမှာ ရှေ့ဆုံးက ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Apple ရဲ့ iPhone ဟာ အများစိတ်ဝင်စားတဲ့ Product တစ်ခုဖြစ်တဲ့အတွက် သူ့အကြောင်း ကောလဟာလတွေကို ရသလောက် ရှာဖွေတင်ပြလိုက်ရခြင်းပါ။ အထက်ပါ ကောလဟာလများအနက် ဘယ်အချက်တွေက မှန်ကန်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပါ။
Ref: Apple, Business Insider, The Wall Street Journal
ဒါတွေကတော့ သင်မသိသေးတဲ့ iPhone 5 ကောလဟာလတွေပဲဖြစ်ပါတယ်။ နည်းပညာလောကမှာ ရှေ့ဆုံးက ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Apple ရဲ့ iPhone ဟာ အများစိတ်ဝင်စားတဲ့ Product တစ်ခုဖြစ်တဲ့အတွက် သူ့အကြောင်း ကောလဟာလတွေကို ရသလောက် ရှာဖွေတင်ပြလိုက်ရခြင်းပါ။ အထက်ပါ ကောလဟာလများအနက် ဘယ်အချက်တွေက မှန်ကန်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပါ။
Ref: Apple, Business Insider, The Wall Street Journal
No comments:
Post a Comment