Monday, 21 May 2012

iPhone ရဲ့ AutoCorrect ကို ပြင်ဆင်ခြင်း

အရင်ပို့စ်မှာ ကျနော်ကတိပေးထားတဲ့အတိုင်း ဒီနေ့ကျနော် Android အကြောင်းမရေးတော့ပါဘူး။ :)
ဒီနေ့တော့ iPhone မှာပါဝင်တဲ့ Feature တစ်ခုဖြစ်တဲ့ Keyboard Suggestion ရဲ့ Auto-Correct ကို ဘယ်လိုပိတ်မလဲ ဆိုတာလေး ရေးပြချင်ပါတယ်။ Auto-Correct အလိုလိုမှန်နေတာကို ပိတ်ဖို့လိုသလားလို့ မေးရင်တော့ ပို့စ်ကို ဆက်ဖတ်ကြည့်ပါခင်ဗျ။



iPhone တွေမှာ ကောင်းမွန်တဲ့ Dictionary ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒီ Dictionary ကို သင့်အနေနဲ့ Edit လုပ်လို့မရပါဘူး။ ဒါပေမယ့် အဲဒီထဲကိုတော့ သင်စာလုံးအသစ်တွေထည့်လို့ရပါတယ်။
သင် စာလုံးတစ်လုံးကို မှားရိုက်လိုက်မိရင် iPhone ရဲ့ Keyboard က Suggestion လုပ်တဲ့ စာလုံးတစ်လုံးဖော်ပြပေးပါတယ်။ တကယ်လို့ သင်နောက်တစ်ကြိမ်ထပ်ပြီး အဲဒီစာလုံးကိုပဲ မှားရိုက်မိရင် iPhone က အဲဒီစာလုံးကို အမှန်လို့ယူဆပြီး သူရဲ့ Dictionary ထဲကို မှတ်လိုက်ပါတယ်။ ဒီလိုနဲ့ သင် စာလုံးတွေ  မှားရိုက်မိတာများလာတဲ့အခါ Dictionary ထဲမှာပြည့်လာပါတယ်။ ဒါပေမယ့် ဒါက သိပ်စိတ်ပျက်စရာမကောင်းသေးပါဘူး။ တကယ်စိတ်ပျက်စရာကောင်းတာက သင်က စာလုံးအမှားကို ၂ ကြိမ် ပြန်ရိုက်မိလို့ Dictionary ထဲမှာ မှတ်ထားပြီးတဲ့အခါ သင် စာလုံးအမှန်ကိုရိုက်တိုင်းမှာ စာလုံးအမှားကို Suggestion လာလုပ်တာပါပဲ။ အဲဒါကမှတကယ်ကို စိတ်ပျက်စရာကောင်းတာပါ။
 
ဒီ ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့ Keyboard ကို Reset ပြန်လုပ်ဖို့ပါ။ ဒါပေမယ့် Reset လုပ်မယ်ဆိုရင်တော့ သင့်ရဲ့ Keyboard ဟာ Factory Settings လို့ခေါ်တဲ့ စက်ရုံက ထုတ်တဲ့ အတိုင်း ပြန်ဖြစ်သွားမယ်ဆိုတာ သတိပြုရမှာပါ။

ကောင်းပြီ။ Reset လုပ်မယ် ဆိုရင်တော့ အောက်မှာ ကျနော် အဆင့်ဆင့်ရေးပြထားပါတယ်။

(၁) Settings App ကို သွားပါ။


(၂) General ကိုနှိပ်ပါ။

 


(၃) Reset ကို နှိပ်ပါ။


(၄) Reset Keyboard Dictionary ကို နှိပ်ပါ။


(၅) Reset Dictionary ကို နှိပ်ပြီး Confirm လုပ်ပါ။





အားလုံးပြီးသွားတဲ့အခါ သင့်ဖုန်းရဲ့ Keyboard ကို Reset လုပ်ခြင်း ပြီးဆုံးပါပြီ။ အဆင်ပြေကြပါစေ။
Like နဲ့ Share လေးလဲ များများနှိပ်ပေးနိုင်ကြပါစေခင်ဗျား။ ;)

Ref: Business Insider, Google






















No comments:

Post a Comment