Thursday, 24 May 2012

$200 တန် iPad Mini ထွက်လာတော့မည်ဟုဆို

ယခုလာမယ့် ၂၀၁၂ အောက်တိုဘာလမှာ Screen ပိုသေးတဲ့ 7 လက်မအရွယ် iPad အသစ်တွေကို $200 ကနေ $250 ကြားအတွင်းနဲ့ ရောင်းချဖို့ Apple ကစီစဉ်နေကြောင်းသိရပါတယ်။ ဒီသတင်းကိုသယ်ဆောင်လာသူက iMore က Rene Ritchie ပါ။

Ritchie ဟာ အရင်တုန်းကလဲ Apple ရဲ့ကောလဟာလတွေနဲ့ပတ်သက်ပြီးတင်ပြရာမှာ မှန်ကန်ခဲ့တဲ့ သာဓကတွေရှိတာကြောင့် ယခုသတင်းဟာလဲ မှန်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

အသစ်ထွက်မယ့် iPad ရဲ့ Dimension နဲ့ပတ်သက်ပြီး တိတိကျကျမသိရပေမယ့် ကောလဟာလအရဆိုရင် 7.85 လက်မရှိမယ် လို့ ဆိုပါတယ်။

Kindle Fire တို့လို Device တွေပေါ်လာပြီးနောက်မှာ လူတွေဟာ တန်ဖိုးနည်း Tablet တွေကို စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ ဒီအချိန်မှာ $200 တန် iPad သာ တကယ်ထွက်ပေါ်လာမယ် ဆိုရင် ဈေးကွက်ဝေစုတော်တော်များများကို သိမ်းပိုက်နိုင်မယ်ဆိုတာ အသေအချာပါပဲခင်ဗျား။








အထက်ပါပုံများကတော့ iPhone, iPad နဲ့ အသစ်ထွက်မယ့် iPad Mini တို့ကို နှိုင်းယှဉ်ပြထားတာပဲဖြစ်ပါတယ်။ တန်ဖိုးနည်း iPad သာထွက်ခဲ့ရင် အခုထက်ပိုပြီး သုံးနိုင်ကြမှာဖြစ်လို့ ကျနော်ကတော့ ကြိုဆိုပါတယ်။ မိတ်ဆွေတို့ရော....

Ref: iMore, Business Insider

No comments:

Post a Comment