Android ဖုန်းတိုင်းဟာ တခြားဖုန်းတစ်လုံးနဲ့ မတူပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ အရွယ်အစား၊ အသုံးပြုထားတဲ့ Hardware စတာတွေ ကွာပါတယ်။ Android ဖုန်းတိုင်းမှာ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ဘယ်လိုရအောင် ထုတ်သုံးရမလဲ ဆိုတဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီနေ့ ကျနော် ဒီပို့စ်မှာ Android ဖုန်းတစ်လုံးရှိတဲ့သူများ သိသင့်တဲ့ အချက်ကလေး (၂၀) ကိုတင်ပြထားပါတယ်။ ဒီအချက်တွေကနေတဆင့် မိမိဖုန်းမှာ မိမိမသိတဲ့ Features လေးတွေ ဘာတွေရှိမလဲဆိုတာ သိနိုင်သလို မိမိဖုန်းကိုလဲ အကောင်းဆုံးစွမ်းဆောင်ရည်ရအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။
(၁) Tap တစ်ချက်နှိပ်ရုံနဲ့ မိမိခေါ်လိုတဲ့ဖုန်းနံပါတ်ကို အမြန်ခေါ်ဆိုနိုင်ခြင်း
- Screen ပေါ်က နေရာလွတ်တစ်ခုကို ဖိထားပါ။
- Menu ပေါ်လာတဲ့အခါ Shortcuts > Contact ကို သွားပါ။
- Contact List ထဲက ထည့်သွင်းလိုတဲ့ Contact ကို နှိပ်လိုက်ပါ။
(၂) Google တွင် အသံဖြင့်ရှာဖွေခြင်း
- Search Bar ရဲ့ဘေးက မိုက်ကရိုဖုန်း ပုံလေးကို နှိပ်ပါ။
- သင်ရှာလိုတာကို အသံနဲ့ ပြောလိုက်ပါ။
(၃) အသံဖြင့်စာရိုက်ခြင်း
- မိုက်ကရိုဖုန်းပုံလေးကို နှိပ်ပြီး ရိုက်လိုရာကို ပြောလိုက်ရုံပါပဲ။
(၄) Home Screen ပေါ်ကနေ Bluetooth, Wi-fi နဲ့ Airplane Mode တွေကို ထိန်းချုပ်ခြင်း
Android မှာ Bluetooth, Wi-fi နဲ့ Airplane Mode တွေကို ထိန်းချုပ်နိုင်တဲ့
built-in widget ပါဝင်ပါတယ်။ Settings ထဲကို သွားစရာမလိုဘဲ ပါဝါစားတဲ့ ဒီ Feature တွေကို ကောင်းကောင်း Control လုပ်နိုင်ပါတယ်။
(၅) Chrome ကို ဖုန်း Browser နှင့်ချိတ်ဆက်သုံးနိုင်ခြင်း
Chrome to Phone App ကိုသုံးပြီး မိမိကွန်ပျူတာက Chrome Browser မှာရှိတဲ့ Link တွေ Message တွေ နဲ့ Phone Number တွေကို ဖုန်းထဲသို့ ပို့နိုင်ပါတယ်။ Android Market မှ Applications နဲ့ Extension ကို ဒေါင်းဖို့ပါ။
(၆) Portable Drive အဖြစ် Data များ သယ်ဆောင်နိုင်ခြင်း
သင့်ဖုန်းကို သင့်ကွန်ပျူတာမှာ တပ်လိုက်တာနဲ့ ဖုန်းရဲ့ Storage ကို သင်မြင်နိုင်ပါတယ်။ အဲဒီ Storage ထဲမှာ သင့် Data တွေ သိမ်းဆည်းပြီး သင်သွားလေရာကို သယ်ဆောင်သွားနိုင်ပါတယ်။
(၇) File များကို Manage လုပ်နိုင်ခြင်း
သင့်ဖုန်းထဲမှာ ထည့်သွင်းသိမ်းဆည်းထားတဲ့ သင့် Data များကို ဖုန်းထဲမှာပဲ ပြန်ကြည့်လို့ရပါတယ်။ အဲလိုကြည့်ဖို့အတွက် X-Plore File Manager လို App မျိုးတော့ ရှိနေဖို့ လိုအပ်ပါတယ်။
(၈) Special Characters တွေကို အလွယ်တကူသုံးနိုင်ခြင်း
- သင့်ဖုန်းရဲ့ Keyboard ပေါ်က "." ခလုတ်လေးကို ဖိထားလိုက်ရင် အများဆုံးအသုံးပြုတဲ့ Special Characters တွေပေါ်လာပါလိမ့်မယ်။ သင်အလိုရှိရာကို ရွေးလိုက်ရုံပါပဲ။
(၉) Google နဲ့ ချိတ်ဆက်ပြီး အကောင်းဆုံး Features တွေ ရယူနိုင်ခြင်း
(၁၀) သင့်ရဲ့ တခြား Social Account တွေနဲ့ ချိတ်ဆက်နိုင်ခြင်း
- Settings > Account and Sync ထဲကိုဝင်ပြီး Set Up လုပ်ရုံပဲဖြစ်ပါတယ်။
(၁၁) Market က မဟုတ်တဲ့ အပြင်က App တွေကို ထည့်သွင်းနိုင်ခြင်း
- Settings > Application Settings ထဲကိုသွားပါ။
- Unknown Sources ရဲ့နောက်မှာ အမှန်လေးခြစ်ပေးပါ။
(၁၂) Amazon ရဲ့ App Store ဖြင့် Premium App များကို အခမဲ့ရယူနိုင်ခြင်း
(၁၃) သင့်ဖုန်းကို Free Anti-virus များသုံးပြီး ကာကွယ်နိုင်ခြင်း
(၁၄) သင့် Battery ကို အကုန်မြန်စေတဲ့ App များကို ပိတ်ခြင်း
- Settings > Running Services ကိုသွားပြီး မိမိပိတ်လိုတဲ့ App ကို Stop နှိပ်ပြီး ပိတ်လိုက်ရုံပါ။
(၁၅) Multitasking အမြန်လုပ်နိုင်ခြင်း
(၁၆) Animation တွေကို ချိန်ညှိနိုင်ခြင်း
- Settings > Display > Animations ထဲမှာ သွားရောက်ပြင်ဆင်နိုင်ပါတယ်။
(၁၇) Backup အလွယ်တကူ လုပ်နိုင်ခြင်း
DropBox လို App များဟာ Backup အတွက် အကောင်းဆုံး App များဖြစ်ပါတယ်။
(၁၈) Google Voice ကို အသုံးပြုခြင်း
(၁၉) Browser ပြောင်းလဲအသုံးပြုခြင်း
(၂၀) App များကို Folder ဖြင့် ထည့်သွင်းခြင်း
- သင့်ဖုန်းရဲ့ Home Screen ပေါ်ကို ဖိထားလိုက်ရင် ပေါ်လာတဲ့ Menu ထဲက Folders > New Folder ကိုရွေးပါ။
- အသစ်ပေါ်လာတဲ့ Folder ထဲကို သင့်ရဲ့ App တွေ ဆွဲထည့်ပေးလိုက်ရုံပါ။
အထက်မှာဖော်ပြသွားတာတွေကတော့ အင်တာနက်ထဲမှာ ကျနော်ရှာဖွေထားတဲ့ Android ဖုန်းတစ်လုံးရှိတဲ့သူများ သိသင့်တဲ့ အချက်ကလေး (၂၀) ပဲဖြစ်ပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ Tips တွေ မဟုတ်ပါဘူး။ လိုအပ်ချက်တွေရှိနေပါသေးတယ်။ နောက်များမှာ ထပ်ပြီးရှာတွေ့ခဲ့ရင် ပြန်လည်ဖြည့်စွက် ဖော်ပြပေးမယ်ဆိုတာ အသိပေးပါတယ်။ နောက်တစ်ခုအနေနဲ့ Android အကြောင်းတွေပဲ ရေးနေတဲ့အတွက် ဒီ Blog ဟာ Android Blog လို့မထင်စေချင်ပါဘူး။ နောက်တစ်ပို့စ်မှာ ကျနော် Android မဟုတ်တဲ့ တခြားအကြောင်းရေးဖြစ်အောင်ရေးပါမယ်။ တကယ်ပါ ခင်ဗျား။
Ref: Wiki, Google, Android Community, Business Insider
No comments:
Post a Comment