Monday, 28 May 2012

iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်

ယခုအခါမှာတော့ Smartphone တွေရဲ့ပြိုင်ပွဲ ပိုမိုပြင်းထန်လာခဲ့ပါပြီ။ ဒါပေမယ့် တကယ်တိုင်း ပြိုင်ဆိုင်နေကြတဲ့ အဓိက အင်အားကြီးပြိုင်ဖက်အနေနဲ့ကတော့ (၂) ဦးတည်းသာရှိပါတယ်။ Google ရဲ့ Android နဲ့ Apple ရဲ့ iOS for iPhone တို့ပါပဲ။ (၂) မျိုးစလုံးကောင်းပါတယ်။ သို့သော် တစ်ချို့အချက်တွေမှာ Android ဟာ iPhone ထက် အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ်။ ဒီပို့စ်မှာ iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်ကို ကျနော်ရွေးထုတ်ရေးပြချင်ပါတယ်။

Friday, 25 May 2012

သင်မသိသေးသော iPhone 5 ကောလဟာလများ

Apple ရဲ့အစဉ်အလာအရဆိုရင် အခု ကျနော်တို့ iPhone 4S ရဲ့ သက်တမ်းတစ်ဝက်ကို ဖြတ်ကျော်လာခဲ့ပြီးပါပြီ။ ဒါဟာဘာကိုဆိုလိုသလဲဆိုရင် iPhone ရဲ့ နောက်မျိုးဆက်သစ်တစ်ခုကို ကျနော်တို့ မြင်ရတော့မှာဖြစ်ပါတယ်။ ကျနော်တို့ကြားရသလောက် iPhone အသစ်မှာ ပိုမိုအရွယ်အစားကြီးတဲ့ Screen ပါဝင်မယ်လို့ ကြားရပါတယ်။ ဒီ့အပြင်တခြား ဘာတွေ ကြားရပါသေးသလဲ။ ကျနော် ဒီပို့စ်မှာ iPhone 5 နဲ့ပတ်သက်တဲ့ အဓိကအရေးကြီးတဲ့ ကောလဟာလတွေကို စုစည်းတင်ပြထားပါတယ်။

Thursday, 24 May 2012

$200 တန် iPad Mini ထွက်လာတော့မည်ဟုဆို

ယခုလာမယ့် ၂၀၁၂ အောက်တိုဘာလမှာ Screen ပိုသေးတဲ့ 7 လက်မအရွယ် iPad အသစ်တွေကို $200 ကနေ $250 ကြားအတွင်းနဲ့ ရောင်းချဖို့ Apple ကစီစဉ်နေကြောင်းသိရပါတယ်။ ဒီသတင်းကိုသယ်ဆောင်လာသူက iMore က Rene Ritchie ပါ။

Siri ကို ပိတ်ရအောင်


iPhone 4S မှာ အသံနဲ့ ခိုင်းလို့ရတဲ့ Feature တစ်ခုဖြစ်တဲ့ Siri ပါဝင်လာပါတယ်။ ဒါပေမယ့် သင် အဲဒီ Feature ကို မနှစ်သက်ဘူးဆိုရင် သူမကို လုံးဝအလုပ်မလုပ်အောင် ပိတ်လို့ရပါတယ်။ ဒီပို့စ်မှာ Siri ကို Deactivate ဘယ်လိုလုပ်မလဲဆိုတာ ကျနော်ရေးပြပါ့မယ်။





Google+ for iPhone App အသစ်

ဒီနေ့အတွက်တော့ ကျနော် App Review လေးတစ်ခုရေးချင်ပါတယ်။ Review ဆိုပေမယ့် အကျယ်တော့မဟုတ်ပါဘူး။ Screenshots လေးတွေလောက်ပေါ့။ လက်ရှိမှာ အဓိကပြိုင်ဖက်တွေ ဖြစ်လာပြီဖြစ်တဲ့ Google နဲ့ Apple တို့ရဲ့ ပူးပေါင်းမှုလေးတစ်ခုဖြစ်တဲ့ Google+ for iPhone App လေးအကြောင်းပါ။

Monday, 21 May 2012

iPhone 5 ခန့်မှန်း Design များ

iPhone နဲ့ပတ်သက်ပြီး Liquidmetal အကြောင်းမှန်းဆမှုတွေ အပြီးမသတ်သေးပါဘူး။ အသစ်ထွက်မယ့် iPhone 5 မှာလဲ Liquidmetal နဲ့ပဲ ဒီဇိုင်းထုတ်ထားလိမ့်မယ် လို့ခန့်မှန်းမှုတွေရှိနေပါတယ်။ အခု တင်ပြပေးမှာကတော့ iPhone 5 ရဲ့ ခန့်မှန်းဒီဇိုင်းများပဲဖြစ်ပါတယ်။ သဘောကျစရာကောင်းတဲ့ ဒီ ဒီဇိုင်းတွေကို  Une Bobine ရဲ့ နောက်ကွယ်က ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Jon Fawcett က တင်ပြခဲ့တာပါ။ ကဲ.. သွားရေကျလိုက်ကြရအောင်။ ;)

iPhone ရဲ့ AutoCorrect ကို ပြင်ဆင်ခြင်း

အရင်ပို့စ်မှာ ကျနော်ကတိပေးထားတဲ့အတိုင်း ဒီနေ့ကျနော် Android အကြောင်းမရေးတော့ပါဘူး။ :)
ဒီနေ့တော့ iPhone မှာပါဝင်တဲ့ Feature တစ်ခုဖြစ်တဲ့ Keyboard Suggestion ရဲ့ Auto-Correct ကို ဘယ်လိုပိတ်မလဲ ဆိုတာလေး ရေးပြချင်ပါတယ်။ Auto-Correct အလိုလိုမှန်နေတာကို ပိတ်ဖို့လိုသလားလို့ မေးရင်တော့ ပို့စ်ကို ဆက်ဖတ်ကြည့်ပါခင်ဗျ။

Saturday, 19 May 2012

20 Tips for Android Users (Android User များအတွက် အချက် '၂၀')

Android ဖုန်းတိုင်းဟာ တခြားဖုန်းတစ်လုံးနဲ့ မတူပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ အရွယ်အစား၊ အသုံးပြုထားတဲ့ Hardware စတာတွေ ကွာပါတယ်။ Android ဖုန်းတိုင်းမှာ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ဘယ်လိုရအောင် ထုတ်သုံးရမလဲ ဆိုတဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီနေ့ ကျနော် ဒီပို့စ်မှာ Android ဖုန်းတစ်လုံးရှိတဲ့သူများ သိသင့်တဲ့ အချက်ကလေး (၂၀) ကိုတင်ပြထားပါတယ်။ ဒီအချက်တွေကနေတဆင့် မိမိဖုန်းမှာ မိမိမသိတဲ့ Features လေးတွေ ဘာတွေရှိမလဲဆိုတာ သိနိုင်သလို မိမိဖုန်းကိုလဲ အကောင်းဆုံးစွမ်းဆောင်ရည်ရအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

Thursday, 17 May 2012

Comparison of the Three OS (Android, iOS and Windows)

အားလုံးပဲမင်္ဂလာပါခင်ဗျာ။

ဒီပို့စ်မှာတော့ ယခုအချိန်မှာ အဓိကအသုံးပြုနေကြတဲ့ Mobile OS တွေဖြစ်တဲ့ iOS 5, Android 4.0 Ice Cream Sandwich နဲ့ Windows Phone 7.5 Mango တို့ကို နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။ နှိုင်းယှဉ်တဲ့နေရာမှာ User များရဲ့နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးဝင်တယ် ဆိုတာမျိုးနဲ့ နှိုင်းယှဉ်မှာမဟုတ်ဘဲ Features သက်သက်တွေကိုသာ နှိုင်းယှဉ်တင်ပြသွားမှာဖြစ်ပါတယ်။

Wednesday, 16 May 2012

Five Best Android Phones (အကောင်းဆုံး Android ဖုန်း ၅ မျိုး)

 ယနေ့ ဈေးကွက်ထဲမှာ Android OS အသုံးပြုထားတဲ့ Smart Phone အမျိုးအစားပေါင်း တစ်ရာကျော် ရှိနေနိုင်ပါတယ်။ အဲဒီထဲက တစ်ချို့ဟာ အသုံးပြုရတာလွယ်ကူပါတယ်၊ တစ်ချို့ကို ကမ္ဘာ့နေရာအနှံ့အပြားမှာ ဝယ်ယူရရှိနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီထဲကမှ အမျိုးအစားအနည်းငယ်ကသာ ထိပ်တန်းဖုန်းများဖြစ်ကြပါတယ်။ ဒီနေ့ ကျနော်က မိတ်ဆွေများကို လေ့လာဆန်းစစ် စစ်တမ်းကောက်ယူမှုများအရ ထိပ်တန်းရောက် Android Phone (၅)မျိုးအကြောင်း ပြောပြချင်ပါတယ်။ ဒီဖုန်းများဟာ အသုံးပြုထားတဲ့ Hardware များမြင့်မားမှုကြောင့်တင်မဟုတ်ဘဲ သူတို့မှာ ပြီးပြည့်စုံတဲ့ Features တွေပါဝင်နေမှုကြောင့် ထိပ်တန်းဖုန်းများအဖြစ်ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

What is Android? (Android ဆိုတာဘာလဲ)

Android မိတ်ဆက် (Introduction to Android)

Android ဆိုတာ ဘာလဲလို့မေးရင် မိုဘိုင်းလ်ဖုန်းတွေအတွက် ထုတ်လုပ်ထားတဲ့ ထိန်းချုပ်မှုစနစ်တစ်ခု (A Mobile Operating System) လို့ဖြေရပါလိမ့်မယ်။ Android Operating System ကို မိုဘိုင်းလ်ဖုန်းများ နဲ့ Tablet ခေါ် ကျောက်သင်ပုန်းကွန်ပျူတာများပေါ်မှာ အသုံးပြုဖို့အတွက် Google ကနေဦးဆောင်တဲ့ Open Handset Alliance (OHA) က Develop လုပ်ခဲ့တာဖြစ်ပါတယ်။