- လွန်ခဲ့သော ငါးနှစ်က iPhone ဆိုတာမရှိခဲ့သေးပါဘူး။ အခုတော့ iPhone ဟာ သုံးလပတ် အတွင်း အမေရိကန်ဒေါ်လာ 25 ဘီလီယံ၊ တစ်နှစ်ဆိုရင် ဘီလီယံ 100 ဝင်ငွေရနေပါပြီ။ iPhone တစ်ခုတည်းနဲ့တင် ကမ္ဘာပေါ်ကကုမ္ပဏီအများစုထက် ပိုမိုကြီးမားတဲ့စီးပွားရေးတစ်ခု ဖြစ်နေပါပြီ။
- iPhone စီးပွားရေးဟာ ယခုအခါ Microsoft ထက် ကြီးမားပါတယ်။ ဟုတ်ပါတယ်။ အဲဒါအမှန်ပါပဲ။ ငါးနှစ်သာသက်တမ်းရှိသေးတဲ့ ထုတ်ကုန်တစ်ခုဟာ နှစ် ၃၀ သက်တမ်းရှိတဲ့ တစ်ချိန်တုန်းက ဘယ်သူမှ မယှဉ်ပြိုင်နိုင်တော့ဘူးလို့ အားလုံးထင်မှတ်ထားကြတဲ့ ကုမ္ပဏီကြီးထက် ပိုကြီးနေပါပြီ။
- iPhone ကနေ ယခုအခါ တစ်နှစ်မှာ အသားတင်အမြတ်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရနေပါတယ်။ ဒါဟာ ကမ္ဘာပေါ်က အခြားကုမ္ပဏီအများစုရဲ့ အမြတ်ငွေထက်ပိုပါတယ်။ Microsoft အမြတ်ငွေထက်ပိုပါတယ်၊ Google ထက်လဲပိုပါတယ်၊ Walmart ထက်လဲပိုပါတယ်။ Exxon-Mobil ရဲ့ အမြတ်ငွေနီးပါးလောက် ရှိပါတယ်။
- ငါးနှစ်အတွင်း ကြီးမားတဲ့ ကုမ္ပဏီကြီး အနည်းဆုံး ၃ ခုလောက်ကို အလဲထိုးနိုင်ခဲ့ပြီး အခြားကုမ္ပဏီတွေကိုလဲ ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျဆုံးခဲ့ရတဲ့ကုမ္ပဏီတွေထဲမှာ Palm, Blackberry ရဲ့ Research In Motion နဲ့ Nokia တို့ပါဝင်ပြီး Microsoft နဲ့ အရင် Hardware လောက အကြီးစားကုမ္ပဏီကြီးတွေဖြစ်တဲ့ HP နဲ့ Dell တို့ကိုလဲ ထိခိုက်စေနိုင်ခဲ့ပါတယ်။
- iPhone ဟာ Eco System ကြီးတစ်ခုနဲ့ နည်းပညာလောက စက်ရုံကြီးတစ်ခု တည်ထောင်နိုင်ခဲ့တယ်။ သူ့အပေါ်မှာ မှီခိုနေတဲ့ App တွေ နည်းပညာတွေနဲ့ လူသန်းပေါင်းများစွာရဲ့ ဘဝတွေကိုပြောင်းလဲနိုင်ခဲ့သလို Developers တွေ Designer တွေအပါအဝင် အခြားလုပ်သားပေါင်းများစွာအတွက်လဲ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
- ပြိုင်ဘက်ပေါင်းများစွာရှိနေပေမယ့် iPhone ဟာ အားလုံးထက်ခြေတစ်လှမ်းတော့ သာနေနိုင်တုန်းပါပဲ။ အနီးကပ်ဆုံးပြိုင်ဘက်လို့ဆိုရမယ့် Samsung ဟာ Galaxy SIII ဖုန်းနဲ့ iPhone ကို လှုပ်ခတ်အောင်လုပ်နိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာ အသစ်ထွက်ရှိလာမယ့် iPhone 5 အတွက် မျှော်လင့်ချက်တွေ ပိုတိုးလာအောင်ပဲလုပ်ဆောင်နိုင်ခဲ့ပါတယ်။
- လွန်ခဲ့တဲ့ ၁၅ နှစ်က Microsoft ကြောင့် သေလုမျောပါးဖြစ်နေတဲ့ Apple ကုမ္ပဏီကို ယနေ့ကမ္ဘာမှာ တန်ဖိုးအရှိဆုံးကုမ္ပဏီကြီးဖြစ်အောင် iPhone က ဆောင်ရွက်နိုင်ခဲ့ပါတယ်။
Well Done, Apple! Happy Birthday iPhone!
Ref: BS
I want to get that information.
ReplyDeleteThanks so much.