Thursday, 5 July 2012

Android 4.1 Jelly Bean ရဲ့ Screenshots များ

Google ဟာ Android OS ရဲ့ Version အသစ်ဖြစ်တဲ့ 4.1 Jelly Bean ကို Nexus 7 Tablet နဲ့အတူ ကြေညာခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်လလယ်လောက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ပါဝင်မယ့် Device တွေကတော့ Motorola Xoom, Nexus 7, Galaxy Nexus နဲ့ Nexus S တို့ပဲဖြစ်ပါတယ်။ ဟုတ်ပါပြီ။ ကျနော်တို့တွေ မဝယ်ယူခင်မှာ အသစ်ပြောင်းလဲလာတဲ့ Features လေးတွေကို ကြိုတင်ရင်ခုန်ကြည့်ရအောင်။






ပထမဆုံးအကြိမ်အဖြစ် Jelly Bean ကို စဖွင့်လိုက်တာနဲ့မြင်ရမှာက ဘာသာစကားရွေးချယ်ဖို့အတွက် ဖြစ်ပါတယ်။



Wifi Connection ရွေးချယ်ခိုင်းပါတယ်။




Google Account ရှိလားလို့မေးပါတယ်။



Log-in ဝင်ခိုင်းပါတယ်။



Time Zone ရွေးခိုင်းပါတယ်။ မြန်မာ ဆိုရင်တော့ GMT+6:30 ပေါ့။



iCloud လိုပဲ Backup and Restore Feature ပါဝင်ပါတယ်။ ဖုန်းကို Reset ချလိုက်တာတောင် Data ဆုံးရှုံးမှုမရှိတော့ဘူးပေါ့။



သင့်ရဲ့ တည်နေရာ Location ကို Google ကသိထားရင် ပိုကောင်းပါတယ်။ ဒါကြောင့် သဘောတူရင် လက်ခုပ်တီးပါ (အဲမဟုတ်ပါဘူး) အမှန်ခြစ်ပါ။



ကဲ စပါပြီ။



Lock Screen အသစ်ဖြစ်ပါတယ်။ မလှဘူးလား။



Home Screen ဖြစ်ပါတယ်။ သဘောကျစရာကောင်းတဲ့ Trick လေးတစ်ခုလောက်လုပ်ရအောင်။ Screen ပေါ်မှာလက်နဲ့ဖိပြီး အောက်နားကိုဆွဲချလိုက်ပါ။



ဒါဆိုရင် Google ရဲ့ Search Feature အသစ်ကို တွေ့ရပါလိမ့်မယ်။ ဘာလဲဆိုတာ စမ်းကြည့်ရအောင်။



 ဟုတ်ပါတယ်။ လွန်ခဲ့သောရက်များဆီက Google ကကြေညာခဲ့တဲ့ Google Now ဖြစ်ပါတယ်။ ပြောရရင် Siri နဲ့တူတဲ့ အသံနဲ့ အမိန့်ပေးနိုင်သော Search Feature အသစ်ပါ။ သို့သော် Siri ကို တုပထားတာ မဟုတ်ရပါဘူးလို့ Google ကပြောပါတယ်။



Google ဟာ Google Now ကနေတဆင့် ကျနော်တို့အကြိုက်ကိုသိနေပါတယ်။ ထူးဆန်းသွားလား။ သူက ကျနော်တို့ Google Account မှာ ရှာဖွေခဲ့တဲ့ History ကိုကြည့်ပြီး သိနေနိုင်ပါတယ်။ ဥပမာ- သင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ယောက်ဆိုပါတော့၊ သင်အမြဲ မန်ယူ ဟိုက်လိုက်တွေ ရှာနေတာကို Google Now က သိနေတဲ့အတွက် သင်မရှာရင်တောင် သင့်ကို မန်ယူဟိုက်လိုက်အသစ်တွေ၊ ပွဲအဖြေတွေ အလိုလိုတင်ပေးနေပါလိမ့်မယ်။ မိုက်တယ်ဟုတ်။



Microphone Icon လေးကိုနှိပ်ပြီး မေးခွန်းတစ်ခုလောက်မေးကြည့်ပါ။



ချက်ချင်းလိုလို အဖြေပြန်ထွက်လာတာတွေ့ပါလိမ့်မယ်။



Google Now ရဲ့အိုင်ဒီယာကတော့ ကျနော်တို့အသုံးပြုနေကျ Search လိုမျိုး Results တွေကို တဆင့်ပြီးတဆင့်ရှာစရာမလိုဘဲ ကိုယ်လိုချင်တာကိုချက်ချင်းသိပြီး ပြပေးနိုင်ဖို့ပဲဖြစ်ပါတယ်။



နောက်ထပ်ပြောင်းလဲမှု အနေနဲ့ကတော့ Google Play ကို Update လုပ်ထားတာတွေ့ရမှာပါ။
အခု Play Store Version မှာ ရုပ်ရှင် နဲ့ TV Show တွေကို ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ (အရင်ကတော့ အချိန်နဲ့သာ ငှားရမ်းကြည့်ရှုနိုင်ခဲ့တာပါ)



Notification မှာလဲပြောင်းလဲမှုရှိခဲ့ပါတယ်။ ဘာလဲဆိုတော့ ကိုယ်လုပ်ချင်တာကို အခြား App တွေ ဖွင့်စရာမလိုဘဲ Notification ထဲကနေ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်းပါ။။



ဥပမာအားဖြင့်.. သင်အခုပဲရိုက်လိုက်တဲ့ ပုံကို သင်မျှဝေလိုတဲ့နေရာမှာ ချက်ချင်းမျှဝေနိုင်ခြင်းမျိုးတွေပဲဖြစ်ပါတယ်။



ဒါတွေကတော့ Android 4.1 Jelly Bean ရဲ့ Screenshots တွေပဲဖြစ်ပါတယ်။ တကယ်ထွက်လာတဲ့အချိန်ကျရင် Review ရေးနိုင်အောင်ကြိုးစားပါဦးမယ်။ ကျေးဇူးပါ။

Ref: Internet

No comments:

Post a Comment