Monday, 11 June 2012

WWDC ပွဲမှာ ကြေညာမယ့် iOS အသစ်ရဲ့ အပြောင်းအလဲများ

လာမယ့် ရှေ့တစ်ပတ်မှာ ကျင်းပတော့မယ့် WWDC ခေါ် World Wide Developers Conference မှာ Apple အနေနဲ့ iOS Version အသစ်ရဲ့ Demo ကို ထုတ်ပြန်ကြေညာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီ iOS အသစ်မှာ သင်မသိသေးသော iPhone 5 ကောလဟာလများ ဆိုတဲ့ပို့စ်မှာ ကျနော်ရေးခဲ့ဖူးတာတွေထဲက တကယ်ဖြစ်လာတာတွေလဲ ရှိပါတယ်။ ကဲ.. ဘာတွေပါမလဲ ဆိုတာလေးကို တရားဝင်မကြေညာခင် လေ့လာကြည့်ရအောင်။




iPad အတွက် Siri

Siri ကို နှစ်သက်သူတိုင်းက မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် သေချာသလောက်ရှိနေတာကတော့ ယခုဈေးကွက်ထဲက iPad တွေအတွက်မဟုတ်ဘဲ Version အသစ်အတွက်သာ ဖြစ်လာပါလိမ့်မယ်။







Facebook Integration ပါဝင်မယ်

Facebook နဲ့ Apple ရဲ့ လက်တွဲဆောင်ရွက်မှုအဖြစ် iOS အသစ်မှာ Facebook Integration (Facebook ကို Officially ထည့်သွင်းထားခြင်း) ပါဝင်ပါလိမ့်မယ်။








Do not Disturb Mode

Alerts နဲ့ Banner တွေကို ပိတ်နိုင်မယ့် Mode အသစ်ပါဝင်ပါလိမ့်မယ်။ ဖုန်းကို ပိတ်မထားဘဲ Alert တွေကိုသာ ပိတ်ထားချင်သူတွေအတွက် သတင်းကောင်းပါ။









Map အသစ်

သေချာပါတယ်။ iOS အသစ်မှာ Google Maps ကို ဖြုတ်ပြီး Map အသစ်နဲ့ ပွဲထွက်လာမှာပါ။









iTunes, iBookstore နဲ့ App Store ဒီဇိုင်းသစ်

ဒါလဲ ကောလဟာလထဲက အတိုင်းပါပဲ။ ဒီဇိုင်းရော Performance ပါပြောင်းလဲဖို့ ပြင်ဆင်ထားမှာပါ။










iCloud ဓါတ်ပုံ၊ ဗွီဒီယိုများ မျှဝေခြင်း


သင့်ပုံနဲ့ ဗွီဒီယိုတွေကို iCloud ကနေတဆင့် Social Networks တွေဆီမျှဝေနိုင်ပါလိမ့်မယ်။











iCloud Apps

iCloud အတွက် Apps များ ပါဝင်ပါမယ်။ Notes နဲ့ Reminders တွေလို App များအတွက် iCloud မှာ နေရာ
ရပြီလို့ ပြောလို့ရပါတယ်။








PC အတွက် iCloud Banner

ဖုန်းနဲ့ တခြား Mobile Device တွေအပြင် PC တွေအတွက်ပါ iCloud ရဲ့ Notification Banner တွေ ပါဝင်လာပါလိမ့်မယ်။










Silver Color ခေါ် ငွေရောင် ဒီဇိုင်း

ယခုရှိပြီးသား Color Scheme တွေအပြင် ငွေရောင်ဒီဇိုင်းပါ ထပ်မံပါဝင်လာမယ်လို့ iDownload Blog က ဆိုပါတယ်။









ဒါတွေကတော့ သေချာနေပြီဖြစ်တဲ့ iOS အသစ်ရဲ့ အပြောင်းအလဲများပဲဖြစ်ပါတယ်။ သေချာသထက် သေချာအောင်တော့ WWDC ပွဲပြီးတဲ့အထိ စောင့်ကြည့်ရဦးမှာပါ။ ဒီရက်ပိုင်း ကျနော်မအားလပ်လို့ ပို့စ်အသစ်မတက်နိုင်တာ ခွင့်လွှတ်ပေးကြပါ။ မိတ်ဆွေများ ကျန်းမာချမ်းသာပါစေ။ လူမျိုးရေး ပဋိပက္ခ များလဲ အမြန်ဆုံး ပြေလည်ပြီးဆုံးပါစေ လို့ဆုတောင်းပါတယ်။

Ref: iDownload, BS, Wiki, WWDC News

No comments:

Post a Comment