Monday, 11 June 2012

WWDC ပွဲမှာ ကြေညာမယ့် iOS အသစ်ရဲ့ အပြောင်းအလဲများ

လာမယ့် ရှေ့တစ်ပတ်မှာ ကျင်းပတော့မယ့် WWDC ခေါ် World Wide Developers Conference မှာ Apple အနေနဲ့ iOS Version အသစ်ရဲ့ Demo ကို ထုတ်ပြန်ကြေညာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီ iOS အသစ်မှာ သင်မသိသေးသော iPhone 5 ကောလဟာလများ ဆိုတဲ့ပို့စ်မှာ ကျနော်ရေးခဲ့ဖူးတာတွေထဲက တကယ်ဖြစ်လာတာတွေလဲ ရှိပါတယ်။ ကဲ.. ဘာတွေပါမလဲ ဆိုတာလေးကို တရားဝင်မကြေညာခင် လေ့လာကြည့်ရအောင်။

Wednesday, 6 June 2012

Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀)ချက်

iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀)ချက် ဆိုတဲ့ပို့စ်မှာ ကျနော်ရေးခဲ့တဲ့အတိုင်း အချို့အချက်တွေမှာ Android က တကယ်သာလွန်ကောင်းမွန်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ သို့သော် အရာရာတိုင်းမှာ "တခြားတစ်ဖက်ကကြည့်ရင်" ဆိုတဲ့စကားရှိတဲ့အတိုင်း Android ထက်သာတဲ့အချက်တွေ iPhone မှာရှိနေဆဲပါပဲ။ ဒီပို့စ်မှာ ကျနော် Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀)ချက် ကိုရေးပြချင်ပါတယ်။

Friday, 1 June 2012

သင်ထည့်သွင်းသင့်သော Free Android App (၁၃) ခု

Smart Phone ဈေးကွက်ကို အပြိုင်အဆိုင်လုနေကြတဲ့ ယနေ့ခေတ်အချိန်အခါမှာ Android ဖုန်းအသုံးပြုသူများ အနေနဲ့ iPhone သုံးသူတွေထက် အားသာနေတဲ့အချက်က Free App ပေါင်းများစွာကို အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်နေတာပဲဖြစ်ပါတယ်။ ဒီနေ့ ကျနော် ဒီပို့စ်မှာ Free ထည့်သွင်းအသုံးပြုနိုင်တဲ့ Android App (၁၃) ခုကို ဖော်ပြပေးချင်ပါတယ်။

Monday, 28 May 2012

iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်

ယခုအခါမှာတော့ Smartphone တွေရဲ့ပြိုင်ပွဲ ပိုမိုပြင်းထန်လာခဲ့ပါပြီ။ ဒါပေမယ့် တကယ်တိုင်း ပြိုင်ဆိုင်နေကြတဲ့ အဓိက အင်အားကြီးပြိုင်ဖက်အနေနဲ့ကတော့ (၂) ဦးတည်းသာရှိပါတယ်။ Google ရဲ့ Android နဲ့ Apple ရဲ့ iOS for iPhone တို့ပါပဲ။ (၂) မျိုးစလုံးကောင်းပါတယ်။ သို့သော် တစ်ချို့အချက်တွေမှာ Android ဟာ iPhone ထက် အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ်။ ဒီပို့စ်မှာ iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်ကို ကျနော်ရွေးထုတ်ရေးပြချင်ပါတယ်။

Friday, 25 May 2012

သင်မသိသေးသော iPhone 5 ကောလဟာလများ

Apple ရဲ့အစဉ်အလာအရဆိုရင် အခု ကျနော်တို့ iPhone 4S ရဲ့ သက်တမ်းတစ်ဝက်ကို ဖြတ်ကျော်လာခဲ့ပြီးပါပြီ။ ဒါဟာဘာကိုဆိုလိုသလဲဆိုရင် iPhone ရဲ့ နောက်မျိုးဆက်သစ်တစ်ခုကို ကျနော်တို့ မြင်ရတော့မှာဖြစ်ပါတယ်။ ကျနော်တို့ကြားရသလောက် iPhone အသစ်မှာ ပိုမိုအရွယ်အစားကြီးတဲ့ Screen ပါဝင်မယ်လို့ ကြားရပါတယ်။ ဒီ့အပြင်တခြား ဘာတွေ ကြားရပါသေးသလဲ။ ကျနော် ဒီပို့စ်မှာ iPhone 5 နဲ့ပတ်သက်တဲ့ အဓိကအရေးကြီးတဲ့ ကောလဟာလတွေကို စုစည်းတင်ပြထားပါတယ်။