Thursday, 9 May 2013

Google Earth Updated!!


Google Earth Apps ရဲ့ ဗားရှင်းအသစ် 7.1.1 ကို Update လုပ်နိုင်ပြီဖြစ်ပါတယ်.။ အသိသာထင်ရှားဆုံး ပြောင်းလဲမှုကတော့ Google Maps မှာပါဝင်တဲ့ Street Views ကို Google Earth မှာပါ စတင်အသုံးပြုနိုင်တာပါပဲ.။ ဒါ့အပြင် 3D အချက်ပြစနစ်၊ ပိုမိုကောင်းမွန်တဲ့ Search စနစ် နဲ့ Google + ရဲ့ UI လိုမျိုး ဘယ်ဘက်အခြမ်းမှာ Slide လေးတစ်ခုလဲပါဝင်လာပါတယ်.။

Wednesday, 8 May 2013

Desktop PC များအတွက် Viber ဖြန့်ချီ


မြန်မာပြည်မှာ လူသုံးများတဲ့ အင်တာနက်ဖုန်းခေါ်ဆိုမှု App ဖြစ်တဲ့ Viber ကနေပြီးတော့ Desktop Apps ကို မနေ့က (May 7) ဖြန့်ချီလိုက်ပြီဖြစ်ပါတယ်.။

Monday, 6 May 2013

သင်မသိခဲ့နိုင်သော iPhone Headphone ၏ လုပ်ဆောင်ချက် (၇) မျိုး



 iPhone ရဲ့ Original Headphone မှာ ခလုတ် ၃ ခုပါဝင်ပါတယ်.။ Volume Up, Volume Down နဲ့ အလည်က ခလုတ်လေးတစ်ခု ဖြစ်ပါတယ်.။ အများစုကတော့ သီချင်းတိုးတာ ကျယ်တာ နဲ့ ဖုန်းကိုင်တာချတာလောက်ပဲ လုပ်ဖူးကြလိမ့်မယ်ထင်ပါတယ်.။ အခု တင်ပြထားတဲ့ လုပ်ဆောင်ချက်တွေကတော့ လူနည်းစုလောက်သာ အသုံးပြုဖြစ်ကြပါလိမ့်မယ်.။ သင့်မှာ iPhone တစ်လုံးရှိမယ်ဆိုရင် တစ်ချက်ချင်းစီ လိုက်လုပ်ကြည့်ကြည့်ပါ.။

Saturday, 6 April 2013

Facebook ရဲ့ Android Integration ... Facebook Home

Facebook ဟာ သူ့ရဲ့ Android App ဖြစ်တဲ့ Facebook Home ကို April 4 ရက်နေ့က ကြေညာခဲ့ပါတယ်.။

မကြာခင်ရက်ပိုင်းအတွင်းက သတင်းကျယ်ကျယ်လောင်လောင်ထွက်ခဲ့တဲ့ Facebook အထူးပြုဖုန်း HTC The First ဖုန်းမှာ Built-in အနေနဲ့ပါဝင်လာမှာဖြစ်ပြီး Smart Phone အချို့အတွက် Official Version ကိုတော့ April 12 ရက်နေ့မှာ Download ရယူနိုင်မှာဖြစ်ပါတယ်.။

Monday, 13 August 2012

[Download] စက်ရုပ်နှင့် ကျနော့်ဖေးဘရိတ်များ (Android and My Favorites)


မင်္ဂလာပါ.။ ကျနော်တို့ မတွေ့တာလဲကြာပြီ.။ :) အချိန်အတော်ကြာပျက်ကွက်နေရာကနေ ပရိသတ်ရှေ့မှောက်ကို www.myanmarmobility.com အဖြစ်နဲ့ ပြန်ရောက်လာပါပြီ.။ ယခင်က ပျက်ကွက်နေခဲ့တာတွေကို အစားပြန်ပေးတဲ့အနေနဲ့ စက်ရုပ် နှင့် ကျနော့်ဖေးဘရိတ်များ ကို ရေးပါမယ်.။ Android OS ပေါ်မှာ ကျနော်သုံးတဲ့ Apps လေးတွေပါ.။ ကဲ .. စလိုက်ရအောင်..